“ တဖြည်းဖြည်းနဲ့တော့ dead body တွေကပေါ်လာပြီ။ ဒါပေမယ့် အထဲမှာ ၃၀၀ လောက်တော့ရှိဦးမယ်။ ဒါတောင် အဆောက်အဦးကိုဖြိုချရင်းတွေ့တာပါသလို မိုးရွာလိုက်လို့ ပေါ် လာတာတွေလည်းရှိတယ်။ အခက်အခဲတွေအများကြီးရှိတယ်။ အဓိက ကယ်ဆယ်ရေးလူအင်အားက လိုအပ်နေတာ”
- ကျောက်ဆည်တွင် နေအိမ်မီးလောင်မှုကြောင့် ပညာရေးဝန်ထမ်း(ငြိမ်း) မိသားစုဝင်လေးဦး သေဆုံး
- ဝါရှင်တန်တွင် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
- ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးကာလအဖြစ် သတ်မှတ်
- တောင်သူများ ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်
- ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏လုပ်ရပ်များနှင့်ပတ်သက်၍ ဗြိတိန်၊ ကနေဒါနှင့် ပြင်သစ်တို့ သတိပေး
“ တချို့သက်တမ်းလွန်ဓာတ်တိုင်တွေ ကျိုးကျသွားတာလည်းပါတယ်။ ပြီးတော့ နွေရာသီရောက်လာပြီလေ။ ရာသီဥတုကလည်း ပူလာပြီ။ ရေအားလျှပ်စစ်ကလည်း သိပ်အလုပ်မ လုပ်တော့ဘူး။ ပြီးတော့ ပျက်ဆီးသွားတဲ့ တာဝါတိုင်တွေက ပြင်လို့မပြီးသေးဘူး။ အဲဒါကြောင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားတာ။ ရရင်ရသလို လျှပ်စစ်ကိုဖြန့်ဖြူပေးသွားပါမယ်။”
“ လျှပ်စစ်မီးလုံလုံလောက်လောက်မရတဲ့အခါကျတော့ ဆီကြိတ်တဲ့အခါ အခက်အခဲရှိတယ်။ အပြည့်အဝ မကြိတ်နိုင်ဘူး။ ထုတ်လုပ်မှုစွမ်းအားလျော့ကျတာပေါ့။ ပြီးတော့ မီးစက်မောင်းပြီးဆီကြိတ်တဲ့အခါမှာလည်း ကုန်ကျစရိတ်ပိုကုန်တဲ့အတွက် ဈေးကကြီးတာပေါ့။ ဝယ်ယူသုံးစွဲတဲ့သူတွေအတွက်လည်း အဆင်မပြေဘူး။”
အတွေးအမြင်
သတင်းဆောင်းပါး
အခြေခံစားကုန်တွေလို့ဆိုရမယ့် ကြက်သွန်၊ အာလူးဈေးတွေ နည်းနည်းပြန်ကျပေမဲ့ အသီးအရွက်ဈေးက သိသိသာသာကျဆင်းတာ မရှိပါဘူး။ မရွှေစင်အိက အသား၊ ငါးဈေးတွေတက်လွန်းလို့ ဈေးသွားတိုင်း ဘာဝယ်ရမလဲစဉ်းစားရတာ မလွယ်ဘူးလို့ ရင်ဖွင့်ပါတယ်။
ကျွန်တော်တို့က မီးမပျက်နဲ့မပြောပါဘူး၊ ဒါပေမဲ့ လာရမယ့်အချိန် ပျက်တာကတော့ တော်တော်ဆိုးတယ်ဗျ၊ မနက်ပိုင်း ၉ နာရီမှာလာရမယ့် အလှည့်ဆိုရင်လည်း ၁၁ နာရီထိုးကာနီးမှလာတယ်၊ နေ့လယ်ဘက် ၁ နာရီလာရမယ့် အလှည့်ဆိုရင် နေ့ ခင်း ၃ နာရီထိုးကာနီးလောက်မှ လာတယ်ဗျာ၊
“မူကြိုကျောင်းတွေမှာ တစ်လရှစ်သောင်း၊ အပြင်မှာ ကျူရှင်ထပ်ထားရတယ်။ လေးသောင်းရှိတယ်။ ကလေးက ၅ နှစ်ကျော်ပြီ၊ ကျောင်းထားမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တစ်လတစ်သိန်းရှိတယ်။ ဖယ်ရီကြေးတွေမပါသေးဘူး။ ကလေးမုန့်ဖိုးမပါသေးဘူး။ မူလတန်းကလေးတစ်ယောက်စရိတ်က တစ်လနှစ်သိန်းဖြစ်နေတော့ ဝင်ငွေနဲ့ဆိုမကိုက်တော့ဘူးလေ။ အဲ့တော့ အစိုးရကျောင်းကိုပဲရွေးရတော့တယ်။”