လောက်ကိုင်တွင် စစ်ဘေး​ရှောင် ၃၅၀၀ ​ကျော် မိုင်းယန်းမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်​နေရ

“ ​လောက်ကိုင်နဲ့ ချင်း​ရွှေ​​ဟော်မြို့နယ်​တွေက စစ်ဘေးရှောင်၃၀၀၀ ကျော် နိုဝင်ဘာ ၁၆ ရက်က ရောက်လာတယ်။ (ယ​နေ့) နိုဝင်ဘာ ၁၇ ရက်​နေ့မှာ ၅၀၀ ကျော်လောက် ထပ်မံ ရောက်လာတယ်။ ကုန်တင်ကားနဲ့လာကြတာ။ နှစ်ဘက်တိုက်ပွဲ​ကြောင့် တိမ်း​ရှောင်လာရတာပါ။”

လောက်ကိုင်၌ သက်သာသောစျေးနှုန်းဖြင့် ရောင်းချသော ဆန်များအားဝယ်ယူပြီး စျေးတင်ရောင်းချသူများကို အရေးယူမည် ဟုဆို

ယမန်နေ့က လောက်ကိုင်မြို့၌ ဆန်တစ်အိတ်လျှင် ယွမ် ၂၀၀ နှုန်းဖြင့် ရောင်းချရာတွင် တိုးကြိတ်ဝယ်ယူသူ များပြားသဖြင့် တစ်ဦးနှင့်တစ်ဦးနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

 သတင်းဆောင်းပါး

အခြေခံစာသောက်ကုန်များ စျေးနှုန်းမြင့်တက်နေမှု့ကြောင့် ​အောက်ခြေမိသားစုများ အခက်တွေ့

ရန်ကုန်မြို့ရှိ အလယ်အလတ်တန်းစားမိသားစုများနှင့် အောက်ခြေမိသားစုတို့နေထိုင်ရာ ရပ်ကွက်ဈေးတစ်ခုတွင် နံနက် ၆ နာရီခန့်က တွေဝေငေးမောရင်း စိတ်ကူးကိုယ်စီနှင့် ဈေးလမ်းတလျောက် ခေါက်တုံ့ခေါက်ပြန် လမ်းပျောက်နေကြသည့် အိမ်ရှင်မများကိုတွေ့ရသည်။

ကုန်ဈေးနှုန်းတက်… မီးကပျက်

ကျွန်တော်တို့က မီးမပျက်နဲ့မပြောပါဘူး၊ ဒါပေမဲ့ လာရမယ့်အချိန် ပျက်တာကတော့ တော်တော်ဆိုးတယ်ဗျ၊ မနက်ပိုင်း ၉ နာရီမှာလာရမယ့် အလှည့်ဆိုရင်လည်း ၁၁ နာရီထိုးကာနီးမှလာတယ်၊ နေ့လယ်ဘက် ၁ နာရီလာရမယ့် အလှည့်ဆိုရင် နေ့ ခင်း ၃ နာရီထိုးကာနီးလောက်မှ လာတယ်ဗျာ၊

အပူလှိုင်းနှင့် ဆိုးရွားသည့် မီးပြတ်တောက်ခြင်းအောက်က ဘဝများ

“ဆေးခန်းလာတဲ့လူနာတွေမှာ အပူရှပ်တာ၊ ဖျားတာ၊ ကလေးတွေဆို အဖျားကြီးတာ၊ ကိုယ်ပူချိန်များတာတွေဖြစ်တယ်။ ဒီအချိန်မှာ ရေခဲရှောင်တာ အကောင်းဆုံးပါ။ ရေချိုးချိန်ပြောင်းတာ၊ အစားအသောက်လည်း သတိထားရမယ်။ ဝမ်းပျက်ဝမ်းလျောလည်းဖြစ်ကြတယ်။ ဆီးချိုသွေးတိုးသမားတွေက ပိုသတိထားရမယ်။ ပူတာက အရမ်းပြင်းတော့ သွေး တိုးတာကနေ ဦးနှောက်သွေးကြောပြတ်တာ၊ ပေါက်တာတွေ၊ ဆီးချိုတက်တဲ့ လူနာတွေလည်းများတယ်။” ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။

အရပ်ရပ်နေလူငယ်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ

“ကျွန်တော့်ကိုအားကိုးနေရတဲ့ မိသားစုကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့ရမလဲ။ စုထားဆောင်းထားတာလဲ မရှိလေဗျာ။ ဒီကုန်ဈေးနဲ့ ဒီကာလမှာ တစ်ရက်တစ်ရက် အလျှင်မှီအောင်မနည်းရုန်းကန်နေရတာ။ ဆီဈေးတွေကတက်တော့ မကိုက်ဘူးလေဗျာ။ အဲ့အသံကြားပြီးထဲက မနက်ဖြန်ကိုပဲ ကိုယ့်အိမ်ရှေ့စာရောက်လာတော့မလို၊ ကလေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးပဲ တွေးပြီးပူနေရတယ်ဗျာ။ မိုးပြိုအများ ဆိုပေမယ့်လဲ ကျွန်တော်မရှိရင် ဒီသားအမိတွေ ဒုက္ခရောက်တော့မှာ။”

ရသစာတမ်း

 ရုပ်သံသတင်း