“ တဖြည်းဖြည်းနဲ့တော့ dead body တွေကပေါ်လာပြီ။ ဒါပေမယ့် အထဲမှာ ၃၀၀ လောက်တော့ရှိဦးမယ်။ ဒါတောင် အဆောက်အဦးကိုဖြိုချရင်းတွေ့တာပါသလို မိုးရွာလိုက်လို့ ပေါ် လာတာတွေလည်းရှိတယ်။ အခက်အခဲတွေအများကြီးရှိတယ်။ အဓိက ကယ်ဆယ်ရေးလူအင်အားက လိုအပ်နေတာ”
“ တစ်လအတွင်းဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးအထိရှိခဲ့တယ်။ အဲ့ဒီဖမ်းမိတဲ့ ရိုဟင်ဂျာ ၉၄ ယောက်ပေါ့ အဖမ်းခံရတာ။ သူတို့ကို ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရတယ်။အမျိုးသားမှတ်ပုံတင်နှင့် လူဝန်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆၃-က နဲ့အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်နှစ်နှစ်စီ အသီးသီးချမှတ်ခဲ့တာလို့ သိရတယ်။”
စစ်ရေယာဉ်-၅၅၃ မှ တိုက်ကင်းလှည့် လည်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် စက်လှေနှစ်စီးကို စစ်ဆေးရာမှ စက်လှေပေါ်၌ တင်ဆောင်လာ သည့် ရိုဟင်ဂျာ၊ ကျား ၈၀ ဦး၊ မ ၈၇ ဦးနှင့် ၎င်းတို့ကို ခေါ် ဆောင်လာသည့် လှေလုပ်သား ၁၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အတွေးအမြင်
သတင်းဆောင်းပါး
အခြေခံစားကုန်တွေလို့ဆိုရမယ့် ကြက်သွန်၊ အာလူးဈေးတွေ နည်းနည်းပြန်ကျပေမဲ့ အသီးအရွက်ဈေးက သိသိသာသာကျဆင်းတာ မရှိပါဘူး။ မရွှေစင်အိက အသား၊ ငါးဈေးတွေတက်လွန်းလို့ ဈေးသွားတိုင်း ဘာဝယ်ရမလဲစဉ်းစားရတာ မလွယ်ဘူးလို့ ရင်ဖွင့်ပါတယ်။
ကျွန်တော်တို့က မီးမပျက်နဲ့မပြောပါဘူး၊ ဒါပေမဲ့ လာရမယ့်အချိန် ပျက်တာကတော့ တော်တော်ဆိုးတယ်ဗျ၊ မနက်ပိုင်း ၉ နာရီမှာလာရမယ့် အလှည့်ဆိုရင်လည်း ၁၁ နာရီထိုးကာနီးမှလာတယ်၊ နေ့လယ်ဘက် ၁ နာရီလာရမယ့် အလှည့်ဆိုရင် နေ့ ခင်း ၃ နာရီထိုးကာနီးလောက်မှ လာတယ်ဗျာ၊
“မူကြိုကျောင်းတွေမှာ တစ်လရှစ်သောင်း၊ အပြင်မှာ ကျူရှင်ထပ်ထားရတယ်။ လေးသောင်းရှိတယ်။ ကလေးက ၅ နှစ်ကျော်ပြီ၊ ကျောင်းထားမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တစ်လတစ်သိန်းရှိတယ်။ ဖယ်ရီကြေးတွေမပါသေးဘူး။ ကလေးမုန့်ဖိုးမပါသေးဘူး။ မူလတန်းကလေးတစ်ယောက်စရိတ်က တစ်လနှစ်သိန်းဖြစ်နေတော့ ဝင်ငွေနဲ့ဆိုမကိုက်တော့ဘူးလေ။ အဲ့တော့ အစိုးရကျောင်းကိုပဲရွေးရတော့တယ်။”