ကျွန်တော်တို့က မီးမပျက်နဲ့မပြောပါဘူး၊ ဒါပေမဲ့ လာရမယ့်အချိန် ပျက်တာကတော့ တော်တော်ဆိုးတယ်ဗျ၊ မနက်ပိုင်း ၉ နာရီမှာလာရမယ့် အလှည့်ဆိုရင်လည်း ၁၁ နာရီထိုးကာနီးမှလာတယ်၊ နေ့လယ်ဘက် ၁ နာရီလာရမယ့် အလှည့်ဆိုရင် နေ့ ခင်း ၃ နာရီထိုးကာနီးလောက်မှ လာတယ်ဗျာ၊
- ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့မှုနှင့်ပတ်သက်ပြီး ထိုင်းအရာရှိများကို အမေရိကန်ဗီဇာပိတ်ပင်
- ဆီဝယ်စာအုပ်ဖြင့်ဝယ်ယူခွင့် တစ်လလျှင်တစ်ပိဿာသာရောင်းချပေးတော့ ဟုဆို
- မြန်မာနိုင်ငံသို့ စားနပ်ရိက္ခာအထောက်အပံ့များ WFP ရပ်ဆိုင်းမည်
- ပါကစ္စတန်တွင် စစ်သွေးကြွများ စီးနင်းခဲ့သည့်ရထားပေါ်မှ ခရီးသည်ဒါဇင်နဲ့ချီ လွတ်မြောက်ခဲ့သော်လည်း ဓားစာခံအချို့ ကျန်ရှိနေ
- နမ့်ခမ်းတွင် ဖုန်းအားသွင်းရာမှ အပူရှိန်လွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်မီးလောင်
“မိကျောင်းအန္တရာယ် သတိပေးချက်ဆိုင်းဘုတ်တွေကို နေရာတော်တော်များများမှာ စိုက်ထူထားတာတွေ့တယ်။ တချို့ကလည်း မိကျောင်းအန္တရာယ်ကို တော်တော်လေးကြောက် နေတယ်။ ကျွန်မတို့လည်း မသွားရဲမလာရဲဖြစ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိကျောင်းအကိုက်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားတယ်။”
ပိုက်ဆံမရှိလျှင် ကန်စွန်းရွက်ကြော်ဖြင့် စား၍ရသည့် ခေတ်အခြေအနေမှ ငွေကြေးပြေလည်မှုရှိသည့် လူတန်းစားများသာ ကန်စွန်းရွက်စားနိုင်သည့်အထိ ကန်စွန်းရွက်သည် တန်ဖိုး မြင့်စားသောက်ကုန်တစ်ခုဖြစ်လာခဲ့သည်။
အတွေးအမြင်
သတင်းဆောင်းပါး
“မူကြိုကျောင်းတွေမှာ တစ်လရှစ်သောင်း၊ အပြင်မှာ ကျူရှင်ထပ်ထားရတယ်။ လေးသောင်းရှိတယ်။ ကလေးက ၅ နှစ်ကျော်ပြီ၊ ကျောင်းထားမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တစ်လတစ်သိန်းရှိတယ်။ ဖယ်ရီကြေးတွေမပါသေးဘူး။ ကလေးမုန့်ဖိုးမပါသေးဘူး။ မူလတန်းကလေးတစ်ယောက်စရိတ်က တစ်လနှစ်သိန်းဖြစ်နေတော့ ဝင်ငွေနဲ့ဆိုမကိုက်တော့ဘူးလေ။ အဲ့တော့ အစိုးရကျောင်းကိုပဲရွေးရတော့တယ်။”
“ကျွန်တော့်ကိုအားကိုးနေရတဲ့ မိသားစုကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့ရမလဲ။ စုထားဆောင်းထားတာလဲ မရှိလေဗျာ။ ဒီကုန်ဈေးနဲ့ ဒီကာလမှာ တစ်ရက်တစ်ရက် အလျှင်မှီအောင်မနည်းရုန်းကန်နေရတာ။ ဆီဈေးတွေကတက်တော့ မကိုက်ဘူးလေဗျာ။ အဲ့အသံကြားပြီးထဲက မနက်ဖြန်ကိုပဲ ကိုယ့်အိမ်ရှေ့စာရောက်လာတော့မလို၊ ကလေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးပဲ တွေးပြီးပူနေရတယ်ဗျာ။ မိုးပြိုအများ ဆိုပေမယ့်လဲ ကျွန်တော်မရှိရင် ဒီသားအမိတွေ ဒုက္ခရောက်တော့မှာ။”
မြန်မာနိုင်ငံရဲ့ တချို့သောဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေသလို ဝင်ငွေအားဖြင့်လည်း နည်းပါးတဲ့ဝင်ငွေနဲ့ အသက်ဆက်နေရတာပါ။ လယ်ယာလုပ်ငန်းခွင်အပါအဝင် တခြားလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်သူတွေဟာ နေ့စဉ် တစ်သောင်းကျပ်တောင်မရှိတဲ့ လုပ်အားခပဲ ရရှိပါတယ်။