အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်မှ အမြန်ဆုံးထွက်ခွာရန် အိန္ဒိယအစိုးရ တိုက်တွန်း

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကြိုးဖုန်းများအပါအဝင် ဆက်သွယ်ရေးလိုင်းများ အခက်ခဲဖြစ်ပွားနေခြင်း၊ စားသုံးကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းအပြင်လုံခြုံရေးအခြေနေ ဆိုးရွားစွာပျက်စီးနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဆီဆိုင်၌ တိုက်ပွဲဆက်ဖြစ်၍ ဒေသခံများထပ်မံ တိမ်းရှောင်ရ

ယမန်နေ့က ဆီဆိုင်မြို့ပေါ် အပါအဝင် အနီးအနားရှိကျေးရွာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိ၍ နေရပ်တွင်ပြန်လည်နေထိုင်သည့် ဒေသခံများနှင့် မြို့တွင်း၌ကျန်ရှိနေသူများ ထပ်မံ၍စစ်ရှောင်ရကြောင်း သိရသည်။

 သတင်းဆောင်းပါး

အပူလှိုင်းနှင့် ဆိုးရွားသည့် မီးပြတ်တောက်ခြင်းအောက်က ဘဝများ

“ဆေးခန်းလာတဲ့လူနာတွေမှာ အပူရှပ်တာ၊ ဖျားတာ၊ ကလေးတွေဆို အဖျားကြီးတာ၊ ကိုယ်ပူချိန်များတာတွေဖြစ်တယ်။ ဒီအချိန်မှာ ရေခဲရှောင်တာ အကောင်းဆုံးပါ။ ရေချိုးချိန်ပြောင်းတာ၊ အစားအသောက်လည်း သတိထားရမယ်။ ဝမ်းပျက်ဝမ်းလျောလည်းဖြစ်ကြတယ်။ ဆီးချိုသွေးတိုးသမားတွေက ပိုသတိထားရမယ်။ ပူတာက အရမ်းပြင်းတော့ သွေး တိုးတာကနေ ဦးနှောက်သွေးကြောပြတ်တာ၊ ပေါက်တာတွေ၊ ဆီးချိုတက်တဲ့ လူနာတွေလည်းများတယ်။” ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။

အရပ်ရပ်နေလူငယ်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ

“ကျွန်တော့်ကိုအားကိုးနေရတဲ့ မိသားစုကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့ရမလဲ။ စုထားဆောင်းထားတာလဲ မရှိလေဗျာ။ ဒီကုန်ဈေးနဲ့ ဒီကာလမှာ တစ်ရက်တစ်ရက် အလျှင်မှီအောင်မနည်းရုန်းကန်နေရတာ။ ဆီဈေးတွေကတက်တော့ မကိုက်ဘူးလေဗျာ။ အဲ့အသံကြားပြီးထဲက မနက်ဖြန်ကိုပဲ ကိုယ့်အိမ်ရှေ့စာရောက်လာတော့မလို၊ ကလေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးပဲ တွေးပြီးပူနေရတယ်ဗျာ။ မိုးပြိုအများ ဆိုပေမယ့်လဲ ကျွန်တော်မရှိရင် ဒီသားအမိတွေ ဒုက္ခရောက်တော့မှာ။”

လျှပ်စစ်မီးနဲ့ ကုန်ဈေးနှုန်းကြား ဟန်ချက်မညီတော့သည့် အိမ်ရှင်မများ

“ မနက် ၅ နာရီဆိုတာက ထမင်းထချက်ချိန်လေ။ ရုံးသမားတွေ၊ ကျောင်းသမားတွေအချိန်မီဖို့ ချက်ပြုတ်ရတဲ့အချိန်ကိုပြတ်တော့ အပိုငွေကုန်တာပေါ့။ မီးသွေးကပဲ တစ်နေ့ နှစ်ပိ ဿာကုန်တယ်။ ဆက်တိုက်ချက်နေရတာ မဟုတ်ဘူးလေ။ တစ်ပိုင်းစီချက်နေရတော့ မီးကိုသတ်လိုက်၊ မွှေးလိုက်နဲ့ ပိုကုန်တယ်။”

ကုန်ဆုံးခဲ့သည့် ၂၀၂၃ ခုနှစ် (သို့မဟုတ်) တန်းစီခုနှစ်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၃ ခုနှစ်တစ်နှစ်လုံး စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆေး လူသုံးကုန်ဖြစ်သည့် သွားလာရေးတွင် မရှိမဖြစ်လိုအပ်သည့် CNG နှင့် စက်သုံး ဆီတို့ ပြတ်လပ်မှု၊ ဈေးနှုန်းမြင့်တက်မှုများသည် လမ်းကြောင်းများပိတ်ဆို့သည်အထိ တန်းစီဝယ်ယူခဲ့ကြရသည်။

ရသစာတမ်း

 ရုပ်သံသတင်း