တိုက်ပွဲကြောင့် ရေဦးနှင့် တန့်ဆည်မှ ဒေသခံငါးထောင်ထက်မနည်း စစ်ရှောင်ရ

“ ရွာသာယာရွာအနီးကို ရောက်လာတဲ့စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့က တိုက်ရင်းနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်တာ။ လေကြောင်းကနေလည်း လာပစ်သေးတယ်။ အဲ့ဒီစစ်ကြောင်း သွားနေတဲ့ လမ်းကြောင်းပေါ်က ကျေးရွာတွေက စစ်ရှောင်နေရတာ။” ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။

တောင်ငူ၌ စစ်ရှောင်နေသည့် ဇရပ်ကြီးဒေသခံများအတွက် အကူအညီများလိုအပ်နေ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က ပဲခူတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်အား KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတစ်သောင်းကျော်မှာ ယနေ့အထိစစ်ရှောင်နေရခြင်း ဖြစ်သည်။

 သတင်းဆောင်းပါး

ကုန်ဈေးနှုန်းတက်… မီးကပျက်

ကျွန်တော်တို့က မီးမပျက်နဲ့မပြောပါဘူး၊ ဒါပေမဲ့ လာရမယ့်အချိန် ပျက်တာကတော့ တော်တော်ဆိုးတယ်ဗျ၊ မနက်ပိုင်း ၉ နာရီမှာလာရမယ့် အလှည့်ဆိုရင်လည်း ၁၁ နာရီထိုးကာနီးမှလာတယ်၊ နေ့လယ်ဘက် ၁ နာရီလာရမယ့် အလှည့်ဆိုရင် နေ့ ခင်း ၃ နာရီထိုးကာနီးလောက်မှ လာတယ်ဗျာ၊

လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် နောက်ဆက်တွဲပြဿနာများ

“မူကြိုကျောင်းတွေမှာ တစ်လရှစ်သောင်း၊ အပြင်မှာ ကျူရှင်ထပ်ထားရတယ်။ လေးသောင်းရှိတယ်။ ကလေးက ၅ နှစ်ကျော်ပြီ၊ ကျောင်းထားမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တစ်လတစ်သိန်းရှိတယ်။ ဖယ်ရီကြေးတွေမပါသေးဘူး။ ကလေးမုန့်ဖိုးမပါသေးဘူး။ မူလတန်းကလေးတစ်ယောက်စရိတ်က တစ်လနှစ်သိန်းဖြစ်နေတော့ ဝင်ငွေနဲ့ဆိုမကိုက်တော့ဘူးလေ။ အဲ့တော့ အစိုးရကျောင်းကိုပဲရွေးရတော့တယ်။”

အရပ်ရပ်နေလူငယ်များကို ထိတ်လန့်တုန်လှုပ်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ

“ကျွန်တော့်ကိုအားကိုးနေရတဲ့ မိသားစုကို ဘယ်လိုအခြေအနေနဲ့ ထားခဲ့ရမလဲ။ စုထားဆောင်းထားတာလဲ မရှိလေဗျာ။ ဒီကုန်ဈေးနဲ့ ဒီကာလမှာ တစ်ရက်တစ်ရက် အလျှင်မှီအောင်မနည်းရုန်းကန်နေရတာ။ ဆီဈေးတွေကတက်တော့ မကိုက်ဘူးလေဗျာ။ အဲ့အသံကြားပြီးထဲက မနက်ဖြန်ကိုပဲ ကိုယ့်အိမ်ရှေ့စာရောက်လာတော့မလို၊ ကလေးတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီးပဲ တွေးပြီးပူနေရတယ်ဗျာ။ မိုးပြိုအများ ဆိုပေမယ့်လဲ ကျွန်တော်မရှိရင် ဒီသားအမိတွေ ဒုက္ခရောက်တော့မှာ။”

အိမ်ငှားခ ‘ဝဲဩဃ’ ထဲမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေ

မြန်မာနိုင်ငံရဲ့ တချို့သောဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေသလို ဝင်ငွေအားဖြင့်လည်း နည်းပါးတဲ့ဝင်ငွေနဲ့ အသက်ဆက်နေရတာပါ။ လယ်ယာလုပ်ငန်းခွင်အပါအဝင် တခြားလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်သူတွေဟာ နေ့စဉ် တစ်သောင်းကျပ်တောင်မရှိတဲ့ လုပ်အားခပဲ ရရှိပါတယ်။

ရသစာတမ်း

 ရုပ်သံသတင်း