» အသော့အထေ့

ဗန်းမော်တွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်

ဗန်းမော်မြို့အနီးတွင် နစကတပ်နှင့် KIA, PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကားလမ်း၊ ရေလမ်းတို့ကိုလည်း ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး၊ ဗန်းမော်ဆေးရုံကြီးအနီးတွင် MPT ဖုန်းလိုင်းများရရှိနေသေးကြောင်း သိရသည်။

ဆီးရီးယားတွင် သမ္မတအာဆက်ဒ်အုပ်ချုပ်သောခေတ် အဆုံးသွားပြီဟု ဆီးရီးယားတပ်မှူး ဆို

“ ဆီးရီးယားစစ်တပ်ဟာ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေကို စွန့်ခွာသွားမှုမတိုင်ခင် သမ္မတအာဆက်ဒ်ဟာ ဒမ္မစကက်နိုင်ငံတကာလေဆိပ်ကတဆင့် ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးသွားပြီ။”

မ​လေးရှားတွင် တရားမဝင်မြန်မာလုပ်သား ၉၃ ဦး ဖမ်းဆီးခံရ

“ တရားမဝင်ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့လူဦး​ရေ ၁၈၉ ဦးကို လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးဌာနက စစ်ဆေးခဲ့ပါတယ်။ တချို့က စစ်ဆင်ရေးအတွင်းမှာ ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ မြန်မာနိုင်ငံသားက ၉၃ ဦးပါ။”

ဂွမြို့နယ်တွင် စစ်ဘေးရှောင် ၁၃,၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

“ဂွမြို့နယ်က စစ်ဘေးရှောင်အခြေအနေက တိုက်ပွဲတွေပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်က နေ့စဉ်တိုးလာတယ်။ စစ်ဘေးရှောင်တိုးလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်။” ဟု ၎င်းကဆက်ပြောသည်။