» သဘာဝပတ်ဝန်းကျင်

အပူဒဏ်အန္တရာယ်… မပေါ့ဆပါနဲ့

တိုင်းနဲ့ ပြည်နယ်တွေမှာ နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်နေလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပူဒဏ်ခံစားနေရတယ်လို့ ဆိုရမှာပါ။ ငွေကြေးတတ်နိုင်သူ လူတန်းစားတွေက အပူဒဏ်သက်သာအောင် အဲကွန်းလေအေးပေးစက်တွေနဲ့နေနိုင်ပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ယပ်ခတ်နေရုံပဲ တတ်နိုင်ပါတယ်။ ပန်ကာဖွင့်ဖို့အတွက် မီးမှန်မှန်မရရှိတဲ့အခါ အပူဒဏ်ကို ခါးစည်းခံနေရတော့တာပါပဲ။

ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးလဲ

နွေရာသီရောက်လာရင် မြန်မာနိုင်ငံရဲ့ဒေသအတော်များများမှာ ရေရှားပါးမှုနဲ့တွေ့ကြုံလာရပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ။ ရေရရှိနိုင်မယ့်အရင်းအမြစ်တွေ နည်းပါးသွားတာကြောင့် ရေတစ်ပုံးရဖို့အတွက် မိုးမလင်းခင်ကတည်းက ရေသွားခပ်ရသူတွေလည်းရှိပါတယ်။ ၂၀၂၄ ခုနှစ်ဟာ အယ်လ်နီညို အပူလှိုင်းသက်ရောက်မှု ခံစားရတဲ့နှစ်ဖြစ်တဲ့အတွက် ရေရှားပါးမှုတွေ ပိုများလာဖွယ်ရှိပါတယ်။

ပလတ်စတစ်ပစ္စည်းတွေ ဘာကြောင့် လျှော့သုံးသင့်တာလဲ

ပလတ်စတစ်အိတ်တွေ ဒါမှမဟုတ် ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းထဲကို ပူပူနွေးနွေးဟင်းတွေ၊ စားစရာတွေ ထည့်လိုက်တဲ့အခါ ပလတ်စတစ်မှာမှာ ပါဝင်နေတဲ့ ဓာတ်တစ်မျိုးက အစားအသောက်ထဲမှာ ပျော်ဝင်သွားပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိန်မဆိုင်းပဲ လုပ်ဆောင်ရမယ့် ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျှော့ချရေး

IEA လို့ခေါ်တဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံက ကျောက်မီးသွေးအသုံး ပြုမှု ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး၊ တရုတ်နိုင်ငံက ၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။