» သတင်း

ထိုင်းတွင် ဖမ်းဆီးရမိသည့် တရားမဝင်လုပ်သားတစ်သိန်းကျော်အနက် မြန်မာလုပ်သား ၈၀,၀၀၀ ​ကျော်ပါဝင် ဟုဆို

“ ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်သားများ ဖမ်းဆီးနှိမ်နင်း​ရေးစီမံချက်ကို ရက်​ပေါင်း ၁၂၀ သတ်မှတ်ထားတယ်။ ဒီလိုစီမံချက်ကာလမှာ ၃၆ ရက်အတွင်းမှာ ဖမ်းဆီးရမိတဲ့ တရားမဝင်လုပ်သား တစ်သိန်း​ကျော်ထဲမှာ မြန်မာလုပ်သား ၈၀,၀၀၀ ​ကျော်ပါဝင်လာတယ်။ လက်ရှိ​တော့ သူတို့ကို ဘယ်လိုအ​ရေးယူမလဲ​တော့ ​သေချာမသိ​​သေးပါဘူး။”

သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသောစွဲချက်ကို အမေရိကန်တရားရုံး ပယ်ချ

ဒေါ်နယ်ထရမ့်သည် နိုဝင်ဘာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ပြီးနောက်ပိုင်းက တည်းက စွဲချက်ပေါင်း ၃၁ ခု စွဲဆိုခံထားရသူဖြစ်ပြီး အမှုများကို ရင်ဆိုင်နေရကာ အချို့အမှုများကို တရားရုံးများက ပယ်ချခြင်းများရှိနေကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် ဧရာ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရ

“ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေမြုပ်လာတာကြောင့် အ.မ.က ကျွန်းသာယာပေါ်သစ်သောင်ကျောင်း ၊ အ.မ.က ရွှေကျွန်းသာကျောင်း၊ ငှက်ပျာတော မူလွန်ကျောင်းတွေအပါ အဝင် စာသင်ကျောင်းအချို့ကို ယာယီပိတ်လိုက်တာပါ။” ဟု ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာကျိုးပြီး ပျောက်ဆုံးနေသူ ၇ ဦးအနက် ရုပ်အလောင်း ၆ လောင်း ရှာ​ဖွေ​တွေ့ရှိ

မြို့ပြစီမံကိန်း လုပ်ငန်းခွင်အတွင်း ဇူလိုင် ၁၄ ရက်က ​ရေနစ်​ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ​ဆောင်ရွက်ပေး​နေသူများက ပျောက်ဆုံးသူလုပ် သားများသည် ကွန်ကရစ်ရေဆိုးထုတ်မြောင်းအတွင်း ပိတ်မိနိုင်​ကြောင်းယူဆကာ ရှာ​​ဖွေကြည့်မိချိန် အဆိုပါရုပ်အ​လောင်း ၆​ ​လောင်းကို ရှာ​ဖွေ​တွေ့ရှိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။