လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် နောက်ဆက်တွဲပြဿနာများ
“မူကြိုကျောင်းတွေမှာ တစ်လရှစ်သောင်း၊ အပြင်မှာ ကျူရှင်ထပ်ထားရတယ်။ လေးသောင်းရှိတယ်။ ကလေးက ၅ နှစ်ကျော်ပြီ၊ ကျောင်းထားမယ်ဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ တစ်လတစ်သိန်းရှိတယ်။ ဖယ်ရီကြေးတွေမပါသေးဘူး။ ကလေးမုန့်ဖိုးမပါသေးဘူး။ မူလတန်းကလေးတစ်ယောက်စရိတ်က တစ်လနှစ်သိန်းဖြစ်နေတော့ ဝင်ငွေနဲ့ဆိုမကိုက်တော့ဘူးလေ။ အဲ့တော့ အစိုးရကျောင်းကိုပဲရွေးရတော့တယ်။”