» ရသစာတမ်း

ချစ်သော ဇာတိမြို့ကလေးမှ အပြန်

ဇာတိမြို့လေးမှာ ၅ ရက်တာ အလွမ်းပြေနေထိုင်ခဲ့တဲ့အတောအတွင်း ဆွေမျိုးဉာတိတွေက တစ်အိမ်ပြီးတစ်အိမ် ထမင်းဖိတ်ကျွေးတာမို့ စိတ်ရင်တနှီးရှိလှပါတယ်။ ဇာတိမြို့လေးက အပြန်မှာတော့ နောက်တစ်ခေါက် ဘယ်တော့ပြန်ရောက်နိုင်ဦးမလဲဆိုတဲ့မေးခွန်းက ကျွန်မအတွက် အဖြေမဲ့နေပြီး မွန်းကျပ်လေးလံစေပါတော့တယ်။ ကျွန်မရဲ့ မြို့လေးက မြို့သူမြို့သားတွေကလည်း ဖြစ်ပျက်လာသမျှလောကဓံကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ရှင်သန်နေဦးမှာဖြစ်သလို မြို့လေးရဲ့ အလှတရားတွေ၊ ငြိမ်းအေးခြင်းတွေ၊ သာယာချမ်းမြေ့မှုတွေ ပြန်ရဖို့ စောင့်လင့်နေမှာ အသေအချာပါပဲ။

ဖေဖော်ဝါရီတဲ့

ကိုယ်စာပြန်သင်ရတဲ့ ဆရာမဘဝ၊ ဖေဖော်ဝါရီကိုတော့ အလွမ်းဆုံးပါပဲ။ လုံးဝကိုမမေ့တဲ့ အမှတ်ရစရာတွေများခဲ့တဲ့ ဖေဖော်ဝါရီပါ။ ကိုယ်စာသင်ရတဲ့ ကလေးတွေမှာ အလယ်တန်းတွေက ဖေဖော်ဝါရီဆို အိုခေ။ စာမေးပွဲတွင်းတော့ အိမ်မှာအုန်းအုန်းထ၊ ကြွက်ကြွက်ညံ။ သူတို့ပြန်သွားရင် ကိုယ်လည်းမောပြီးကျန်ခဲ့တယ်။ နားတွေလည်း အေးလို့ပေါ့။

ခြားနားသွားတဲ့ ခေတ်ထဲက ခြားနားသွားတဲ့ ကုန်ဈေးနှုန်း

ကျွန်မမိသားစုဟာ ဖေဖေရဲ့ စာရေးခြင်းဝင်ငွေတစ်ခုတည်းနဲ့ပဲ တင့်တောင်တင့်တယ်နေထိုင်နိုင်ခဲ့တာ မှတ်မိနေပါတယ်။ ရွှေတစ်ကျပ်သား ၃၀၀ ကျပ် ဝန်းကျင်ပဲရှိတဲ့ (၁၉၇၀) ပြည့်နှစ်ကာလတွေမှာ ဖေဖေက လုံးချင်းဝတ္ထုတစ်အုပ်ထွက်ရင် စာမူခ ၅၀၀၀ ကျပ်အထိရတယ်လို့ ပြန်‌ပြောဖူးပါတယ်။

တန်ဖိုးထား ရှင်သန်နေဦးမယ့် ပေးစာတွေ

အရင်တုန်းက အမေဟာ အဖေ့ဆီကစာတွေကို မျှော်နေခဲ့ပြီး၊ အဖေမရှိတော့တဲ့နောက် ဘယ်လိုခံနိုင်ရည်တွေနဲ့ ဖြတ်သန်းနေခဲ့ပါလိမ့်လို့ ကျမဆက်တွေးနေမိပါတယ်။