» နိုင်ငံတကာရေးရာ

ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်နားကို တရုတ်စစ်သင်္ဘောရောက်ရှိလာခြင်းသည် ခြိမ်းခြောက်မှု ဟုဆို

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပိုင်သင်္ဘောရဲ့လုပ်ရပ်က ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲက ဆွဲထုတ်လို့ရမှာမဟုတ်သလို ခြိမ်းခြောက်ခံမှာလည်းမဟုတ်ဘူး။” ဟု ပြောသည်။

မိုးမိတ်မြို့တွင် လက်နက်ကြီးထိမှန်ကာ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

“မိုးမိတ်မှာတိုက်ပွဲက ကြိုကြိုကြားကြားဖြစ်နေတုန်းပဲ။ မနေ့ကဆို ပလောင်ကုန်ဘက်၊ အုန်းကြောသစ်၊ ဒိုးပင်၊ ပဒါန်း အဲဘက်တွေမှာတော့ ပစ်နေကြတာ အသံတွေကြားနေတာပဲ။ အုံတုန်ရွာက အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျည်ထိလို့ဆုံးသွားတယ်။ အုန်းကြောသစ်မှာ အမျိုးသမီးနှစ်ဦးဒဏ်ရာရတယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်ဝမ်အစိုးရရှေ့နေများက တရုတ်နိုင်ငံထံမှလာဘ်ငွေရယူခဲ့သော ထိုင်ဝမ်အစိုးရ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်

ထိုင်ဝမ်အစိုးရရှေ့နေများသည် မြို့တော်ဝန်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသော ချန်ဆိုသူကို တရုတ်နိုင်ငံထံမှ လာဘ်ငွေများရယူခဲ့သည်ဟု သံသယရှိကာ ခေါ်ယူစစ်ဆေးခဲံပြီး ဖမ်းဆီးထိန်းသိမ်းရန် တရားရုံးသို့လျှောက်ထားခဲ့သည်။

ပြီးခဲ့သည့်တစ်လအတွင်း ဧရာဝတီတိုင်းတွင် လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု အကြိမ် ၃၀ ကျော်ဖြစ်ပွား

“တိုင်းအတွင်း လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တစ်ရက်နဲ့ တစ်ရက် ပိုအဖြစ်များလာတယ်။ သက်ဆိုင်ရာက ဖမ်းဆီးရှာဖွေရေးလုပ်ငန်းတွေကို လုပ်တော့လုပ်တာပဲ။ ကျူးလွန်သူအများစုကတော့ ဖမ်းမိတာမရှိဘူးလို့သိရတယ်။” ဟု ၎င်းကဆက်ပြောသည်။