အုတ်ဖို၊ စက်တင်ဘာ ၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၌ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ဗိုလ်ကြီး တင်မျိုးအောင်ဆိုသူဖြစ်ပြီး သြဂုတ် ၃၁ ရက်၊ မနက် ၁၁ နာရီဝန်းကျင်က အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ် သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတင်မျိုးအောင်က နေရာမှာပဲပွဲချင်းပြီး သေဆုံးသွားတယ်။ ဘယ်အဖွဲ့က ပစ်သတ်သွားတာလည်း မသိဘူး။ လမ်းတစ်နေရာမှာ ပစ်သတ်ခံရတာ။” ဟု နီးစပ်သူတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားပြီး မိနစ် ၂၀ ခန့်တွင် လုံခြုံရေးတာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး အနီးပတ်ဝန်ကျင်ရှိအိမ်များကို လိုက်လံရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဗိုလ်ကြီး တင်မျိုးအောင်ဆိုသူအား PDF သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပျောက်ကြားတပ်ဖွဲ့-အုတ်ဖို) ဆိုသည့်အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု လူမှု ကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ချက်အရ သိရပြီး ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်ကလည်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ ကြောင်း သိရသည်။
အုတ်ဖိုမြို့တွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်