အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နေရာ အပြောင်းအလဲပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၉

နစက၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နေရာအား အပြောင်းအလဲပြုလုပ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားသည့် နစကကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အစား ရေတပ်ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး မိုးအောင်အား အစားထိုးခန့်အပ်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်။

ထို့အပြင် အဆိုပါရေတပ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး မိုးအောင်အား နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ၏ ဝန်ကြီးအဖြစ်ပါ ခန့်အပ်ခဲ့ကြောင်း သိရသည်။

“ ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရေတပ်ဦးစီးချုပ်တာဝန်ကနေ အနားပေးလိုက်ပြီး လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ ဝန်ကြီးတာဝန်ကို ပြောင်းလဲခန့်အပ်လိုက်တာပါ။ လုံခြုံရေးဆိုင် ရာ အကြံပေးပုဂ္ဂိုလ်နေရာက စစ်ရေးအခြေအနေတွေကို သုံးသပ်ပြီး တင်ပြရတာမျိုး။ ဒါပေမဲ့ ဒီရာထူးက ရေတပ်ဦးစီးချုပ် ရာထူးထက်စာရင် အလုပ်လုပ်ရတာတော့ နည်းပါးမှာ ပေါ့။” ဟု စစ်ရေးအကြောင်း လေ့လာသုံးသပ်တစ်ဦးက ပြောသည်။

လစ်လပ်သွားသည့် ရေတပ်ဦးစီးချုပ်နေရာကို စစ်ဦးစီးအရာရှိချုပ်(ရေ) တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခန့်ရသူ ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မိုးအောင်မှာ နအဖအစိုးရလက်ထက် စက်မှုဝန်ကြီးတာဝန်ထမ်းဆောင် ခဲ့သူ ဦးအောင်သောင်း၏ သားတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၂၁ ခုနှစ်က ရေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် ယမန်နေ့က ရာထူးပြောင်းရွေ့ခန့်အပ်ခံရခြင်းဟု သိရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၅ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား နစကဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ပြီး ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ် သတ်မှတ်ကြောင်း ထုတ် ပြန်ကြေညာခဲ့သည်။

#မောင်ဇော်

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နေရာ အပြောင်းအလဲပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.