ရန်ကုန်၊ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ယမန်နေ့က စာသင်ကျောင်းအား မိုင်းထောင်နေသူ အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ နေရာမှာပင်သေဆုံးခဲ့ကြောင်း လုံ ခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ နေ့လည် ၁၂ နာရီခွဲက ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အ.လ.က (၃) ကျောင်းအတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာအနီး၌ အဆိုပါ ကျောင်း၏ ကျောင်းစောင့်အမျိုးသားအား သေဆုံးလျက်တွေ့ရကြောင်း သိရသည်။
“ သေဆုံးသူကျောင်းစောင့်က လက်လုပ်မိုင်းနဲ့ ကျောင်းကိုဖောက်ခွဲဖို့ ဆောင်ရွက်နေတုန်း လက်ထဲမှာတင် မိုင်းကွဲသွားတာလို့ သိရတယ်။ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပါ တယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားမှာ ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်တစ်ဆောင်တွင် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ခန္ဓာကိုယ်ထက်ပိုင်းပြတ် ဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် လေးခန်းတွဲ၊ နှစ်ထပ်စာသင်ဆောင်တွင်လည်း အနည်းငယ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
သေဆုံးသူအလောင်းအား ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဖြစ်စဉ်အားဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၂၃ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပြည်သူ့ဆေးရုံအတွင်းသို့ လက်ပစ်ဗုံးယူဆောင်လာသူ အမျိုးသမီးတစ်ဦး ဆေးရုံးဝင်းအရောက် ယူဆောင်လာ သော ဗုံးပေါက်ကွဲမှုဖြစ်၍ လက်နှစ်ဖက်ပြတ်ရှဒဏ်ရာနှင့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။
ဓာတ်ပုံ – စီဂျေ
ရေးမြို့၌ စာသင်ကျောင်းအား မိုင်းထောင်နေသူ မိုင်းပေါက်ကွဲ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်