ရေးမြို့တွင် နေအိမ်အလုံး ၅၀ မီးလောင်ကျွမ်း၊ လူဦးရေ ၁၆၀ မီးဘေးသင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂

သံဖြူဇရပ်၊ ရေးမြို့နယ်၊ ဇီဖြူသောင်ကျေးရွာတွင် ထမင်းဟင်းချက်ပြုတ်ရာမှ မီးကြွင်းမီးကျန်များမှတဆင့် နေအိမ်အလုံး ၅၀ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ရေးမြို့နယ်၊ ဇီဖြူသောင်ကျေးရွာ ငွေသောင်ဖြူ (၁) ရပ်ကွက်၊ သဲပုံစေတီအနီးရှိ နေအိမ်တစ်လုံး မီးကြွင်းမီးကျန်များမှတဆင့် နေအိမ်အလုံး ၅၀ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ လူဦး ၁၆၀ မီးဘေးသင့်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အဓိကတော့ ထမင်းဟင်းချက်ရာကနေ မီးကြွင်းမီးကျန်က စလောင်တာလို့ သိရတယ်။ နေအိမ်စုစုပေါင်းလိုက်ရင် ၄၀ ကျော် ၅၀ လောက်ရှိမယ်။ ဘာလိုလဲဆိုတော့ အိမ်သေးသေး လေးတွေပါလဲ ပါတယ်။ ပေါင်းလိုက်ရင် ၅၀ တောင်ကျော်မယ်။ အိမ်​ထောင်စု ၈၀ နဲ့ မီးဘေးသင့်တာ ၁၆၀ တော့ရှိတယ်။” ဟု အောင်မင်္ဂလာလူမှုကူညီရေးအသင်းမှ အသင်းဝင် တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမီးလောင်းကျွမ်းမှုသည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး နေ့လည် ၁ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးဘေးသင့်သည့်လူဦးရေ ၁၆၀ ကို ရတနာအောင်မြေကျောင်းတိုက်တွင် ယာယီရွှေ့ပြောင်းထားကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-အောင်မင်္ဂလာ လူမှုကူညီရေးအသင်း(ရေးမြို့)

#ယနေ့ခေတ်

ရေးမြို့တွင် နေအိမ်အလုံး ၅၀ မီးလောင်ကျွမ်း၊ လူဦးရေ ၁၆၀ မီးဘေးသင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.