ရန်ကုန်၊ အောက်တိုဘာ ၂၆
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၆၆လမ်းနှင့် ၁၁လမ်းထောင့်၊ ကျောက်တော်ကြီးဘုရားပွဲ ကျင်းပရာအနီးရှိ အမှိုက်ပုံးအတွင်းမှ ယမန်နေ့က ပေါက်ကွဲမှု ဖြစ်ပွားရာ အနီးရှိစျေးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၅ ရက်၊ နေ့လည် ၂ နာရီကျော်က အဆိုပါ ဘုရားပွဲစျေးအနီးရှိ စည်ပင်သာယာအမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ ထိုနေရာအနီး စျေးရောင်းချ နေသည့် အမျိုးသားတစ်ဦး အမှိုက်ပုံးစများ ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ဘုရားပွဲစျေးရဲ့ မုန့်သိုင်းခြုံရောင်းတဲ့ဆိုင် အနောက်ဘက်က အမှိုက်ပုံးထဲကနေ လက်လုပ်မှိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်တာ။ ဒဏ်ရာရတဲ့သူက ကျောက်ဆည်ကနေ မုန့်သိုင်းခြုံ လာရောင်းတဲ့သူပါ။ သူက အကြော်ကြော်နေတုန်း ပေါက်ကွဲမှုဖြစ်တော့ ဒဏ်ရာရသွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အားလုံးတော့ အထိတ်တလန့်ဖြစ်သွားကြ တယ်။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိသူ အသက် ၄၂ နှစ်အရွယ် စျေးသည်အမျိုးသားမှာ ယာဘက်ပေါင်တွင် အမှိုက်ပုံးစများ ထိမှန်ခဲ့၍ ဆေးကုသမှုခံယူနိုင်ရန် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
ဘုရားပွဲစျေးအနီးရှိ အမှိုက်ပုံးအတွင်း ပေါက်ကွဲစေရန် မည်သူက လက်လုပ်မိုင်းထားခဲ့သည်ကို မသိရကြောင်း အနီးဝန်းကျင်၌ နေထိုင်သူများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
မန္တလေး ကျောက်တော်ကြီးဘုရားပွဲစျေးအနီး အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်၊ စျေးသည်တစ်ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်