ဖိလစ်ပိုင်သမ္မတက တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရဝေဖန်

ဘေဂျင်း၊ ဇန်နဝါရီ ၁၇

ဖိလစ်ပိုင်သမ္မတ၏ မှတ်ချက်စကားများနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံကို တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပြီး တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးကို တရုတ်အစိုး ရက ဆင့်ခေါ်သတိပေးခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် တရုတ်အစိုးရက ဖိလစ်ပိုင်သံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက ထိုင်ဝမ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော သမ္မတအသစ်ဖြစ်သေည့် လိုင်ချင်တေးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် ဖိလစ်ပိုင်သမ္မတ၏ မှတ်ချက်စကားနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က “ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟာ တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ တယ်။ တရုတ်အစိုးရဟာ ဖိလစ်ပိုင်သမ္မတရဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး အပြင်းထန့်ကန့်ကွက်ခဲ့တယ်။ ကျေနပ်နှစ်သက်မှုမရှိပါဘူး။” ဟု ပြောသည်။

ပြီးခဲ့သော ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပသော ထိုင်ဝမ်ရွေးကောက်ပွဲတွင် တရုတ်အစိုးရနှင့် တင်းမာမှုများရှိနေသည့် လိုင်ချင်တေး အနိုင်ရခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို အသိမှတ်ပြုသောနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးထူထောင်ခြင်းမရှိပဲ ကန့်ကွက်ပြစ်တင်မှုများ မကြာခဏလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတက ရွေးကောက်ပွဲတွင် လိုင်ချင်တေးအနိုင်ရခြင်းအပေါ် ဂုဏ်ပြုကြောင်း၊ လိုင်ချင်တေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း တရုတ်အစိုးရက ဖိလစ်ပိုင်သမ္မတ၏ပြောဆိုချက်များက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းဖြစ် ကြောင်း ဝေဖန်ထားသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်သည် ၎င်းတို့လက်အောက်ခံဒေသဖြစ်ပြီး ထိုင်ဝမ်က တရုတ်လက်အောက်မှ ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

ဖိလစ်ပိုင်သမ္မတက တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရဝေဖန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.