ပေါင်းတည်မြို့နယ်၌ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ပေါင်းတည်၊ အောက်တိုဘာ ၉

ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” သေနတ်နဲ့ပစ်သတ်ခံရသူက ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးအုပ်စု၊ အောင်သပြေရွာမှာနေတဲ့ အသက် ၃၃ နှစ်အရွယ် ကိုဖိုးဝဆိုသူပါ။ အောက်တိုဘာ ၇ ရက်၊ ညက နေအိမ် မှာရှိနေချိန် ပစ်ခတ်သတ်ဖြတ်ခံရတာ။ သူက ကြံ့ခိုင်ရေးပါတီဝင်လို့သိရတယ်။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

ပစ်သတ်ခံရသည့် ကိုဖိုးဝသည် ဦးခေါင်းဒဏ်ရာတစ်ချက်၊ ရင်ဘတ်ဒဏ်ရာ နှစ်ချက်ရရှိပြီး အခင်းဖြစ်ပွားရာနေအိမ်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဖိုးဝအား ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၆၀၁ – PPDF တပ်ခွဲ ၅၊ နွေဦးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် Facebook မှတဆင့် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၉ ရက်၊ ယနေ့အထိ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သူအား ဖမ်းဆီးရမိရေး ပိတ်ဆို့စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ပေါင်းတည်မြို့နယ်၌ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.