နစကမှ ထုတ်ဝေခဲ့သည့် ကျပ်နှစ်သောင်းတန်ကို အသုံးမပြုရန် PDF အဖွဲ့အချို့ တိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၈

နစကမှ အသစ်ထပ်မံရိုက်နှိပ် ထုတ်ဝေခဲ့သည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူကို အသုံးမပြုကြရန် PDF အဖွဲ့အချို့က အသိပေးတိုက်တွန်းထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ငွေစက္ကူအသစ်ကို ဒေသခံပြည်သူများ အသုံးမပြုကြရန် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့်ဒေသများတွင် PDF အဖွဲ့အချို့က အသိပေးတိုက်တွန်းမှုများ ပြုလုပ်လျက် ရှိသည်ကို ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ကြေညာချက်များထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နှစ်သောင်းတန်ငွေစက္ကူအသစ်အား အသုံးပြုခြင်းမပြုရန် ဒေသခံပြည်သူများကို အသိပေးတိုက်တွန်းလျက်ရှိသောဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာ ရီတိုင်းတို့ဖြစ်ပြီး အဆိုပါဒေသများတွင် အခြေစိုက်သည့် PDF အဖွဲ့အချို့မှဖြစ်ကြောင်း သိရသည်။

အချို့ဒေသများတွင် နှစ်သောင်းတန်ငွေစက္ကူအသစ်ကို ကိုင်ဆောင်အသုံးပြုမှုများအား စစ်ဆေးတွေ့ရှိပါက လက်ဝယ်တွေ့ရှိသည့် ဒေသခံပြည်သူများကို အရေးယူသွားမည်ဖြစ် ကြောင်း PDF အဖွဲ့အချို့မှ ပြင်းထန်စွာသတိပေးလျက်ရှိသည်ကို တွေ့ရသည်။

နှစ်သောင်းတန် ငွေစက္ကူအသစ်ကို တရားဝင်ငွေစက္ကူအဖြစ် အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် နစက၏ငွေကြေးလိုအပ်ချက်များကြောင့် ယခုကဲ့သို့ ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်အများစုတွင် ဖော်ပြထားခဲ့သည်။

လက်ရှိအချိန်အထိ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ကို ပြည်သူများအကြား တွင်ကျယ်စွာအသုံးပြုခြင်းမရှိသေးသည်ကို တွေ့ရသည်။နှစ်သောင်းတန်ငွေစက္ကူအသစ်ကို နေပြည် တော်ရှိမာရဝိဇယဘုရားတည်ဆောက်ပြီးစီးခြင်းနှင့် ဆင်ဖြူတော်တစ်နှစ်ပြည့် မွေးနေ့အထိန်းအမှတ်အဖြစ် ဩဂုတ်လ ၁ ရက်နေ့တွင် နစကမှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

လင်းခေါင်

#ယနေ့ခေတ်

နစကမှ ထုတ်ဝေခဲ့သည့် ကျပ်နှစ်သောင်းတန်ကို အသုံးမပြုရန် PDF အဖွဲ့အချို့ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.