ဒီပဲယင်း၌ ဒေသခံသုံးထောင်ကျော် အရေးပေါ်စစ်ရှောင်ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ယမန်နေ့က စစ်ကြောင်းများဝင်ရောက်မှုကြောင့် ဒေသခံသုံးထောင်ကျော် အရေးပေါ်စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသ တွင်းစစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာအတွင်း စစ်ကြောင်းဝင်ရောက်မှုကြောင့် အဆိုပါရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံသုံးထောင်ကျော်မှာ အရေးပေါ်စစ် ဘေးတိမ်းရှောင်ရကြောင်း သိရသည်။

“ မဲအိုးရွာကို အလစ်အငိုက်ဝင်စီးပြီး ဖမ်းဆီးတာတွေကြောင့် ဒေသခံတွေ အရေးပေါ်ထွက်ပြေးရတာ။ ဒီနေ့အထိ ဘယ်သူမှအိမ်မပြန်ရဲသေးဘူး။” ဟု ဒေသတွင်းရှိ စစ်ရှောင်ကူညီသူ တစ်ဦးက ပြောသည်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ဒီပဲယင်းမြို့နယ်ရှိ မဲအိုး၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်လှ စသည့်ကျေးရွာများမှ ဒေသခံသုံးထောင်ကျော်မှာ ဘေးလွတ်ရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်၌ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ PDF များ လှုပ်ရှားသွားလာလေ့ရှိပြီး၊ နစကစစ်ကြောင်းများနှင့် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း ဒေသတွင်းသတင်း များအရ သိရသည်။

ယခုလပိုင်းများအတွင်း စစ်ကိုင်းတိုင်းရှိ PDF အဖွဲ့များအခြေပြုရာ ဒေသများသို့ နစကစစ်ကြောင်းများ ဝင်ရောက်ကာ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

တိုက်ပွဲများနှင့် စစ်ကြောင်းဝင်ရောက်မှုကြောင့် ဒေသခံများလည်း မကြာခဏစစ်ဘေးတိမ်းရှောင်ရကြောင်း ဒေသတွင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

အလားတူ ပုလဲ၊ ခင်ဦးနှင့် ရေဦးမြို့နယ်တို့၌ ယခုရက်ပိုင်းတွင် တိုက်ပွဲများနှင့် စစ်ကြောင်းဝင်ရောက်မှုတို့ကြောင့် ဒေသခံသောင်းချီ၍ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်နေ ရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များ

ပုံစာ- ဒီပဲယင်းမှ စစ်ရှောင်များအား ယမန်နေ့ကတွေ့ရစဉ်။

#ယနေ့ခေတ်

ဒီပဲယင်း၌ ဒေသခံသုံးထောင်ကျော် အရေးပေါ်စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.