ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်၊ မေယုလမ်းတွင် ဒီဇင်ဘာ ၂ ရက်၊ မွန်းလွဲ ၁ နာရီက၊ အငှါးယာဥ်တစ်စီး ဓါးထောက်လုယက်ခံရကြောင်း ယာဥ်မောင်း ကိုဇာနည်အောင်က ယနေ့ခေတ်သို့ ပြောသည်။
“ နေ့လည်တစ်နာရီက ကားငှါးလို့လိုက်ပို့ရင်းမှာ မေယုလမ်းအရောက်မှာ ငှါးစီးလာတဲ့ အမည်မသိလူများက ဓါးထောက်လုယက်သွားကြတာဖြစ်ပါတယ်။” ဟု ယာဥ်မောင်းကိုဇာ နည်အောင်က ယနေ့ခေတ်သို့ ပြောသည်။
ဓါးထောက်လုယက်ခံရသည့် probox succeed အဖြူရောင် EE/7747 ယာဉ် ကိုတွေ့ရှိပါက အကြောင်းကြားပေးရန်၊ ယာဥ်ပိုင်ရှင် ကိုထူးမြတ်အောင်ထံသို့ ဖော်ပြပါဖုန်းနံပါတ် များ ၀၉၅၄၀၂၀၈၄၊ ၀၉.၅၁၆၃၅၄၉ နှင့် ၀၉.၆၈၅၂၃၅၂၆၃ မှ ဆက်သွယ်ပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် အငှါးယာဥ်တစ်စီး ဓါးထောက်လုယက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်