ကြံခင်းမြို့နယ်တွင် အမျိုးသမီး ၆ ဦးအပါအဝင် ရိုဟင်ဂျာ ၂၇ ဦးဖမ်းဆီးခံရ

ကြံခင်း၊ သြဂုတ် ၂၄

ရိုဟင်ဂျာအမျိုးသမီး ၆ ဦးအပါအဝင် ရိုဟင်ဂျာ ၂၇ ဦး ဧရာဝတီတိုင်း မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဩဂုတ် ၂၃ ရက်၊ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာအနီး အုတ်ပုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးများက စစ်ဆေးမှုလုပ်ဆောင်ရာတွင် ဖော ကားတစ်စီးပေါ်တွင် လိုက်ပါလာသည့် ရိုဟင်ဂျာ ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ရိုးဟင်ဂျာ ၂၇ ဦးတွင် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၆ ဦး ဖြစ်ပြီး ယင်းတို့မှာ ရခိုင်ပြည်နယ်အမ်းမြို့ နယ်မှ ထွက်လာကြသူများဖြစ်ကြောင်း သိရသည်။

“ အုတ်ပုံ စစ်ဆေးရေးဂိတ်က ပုံမှန်အဝင်အထွက် စစ်ဆေးတဲ့ဂိတ်ပါ။ အဲ့ဒီဂိတ်မှာမိတာ။ အခုဖမ်းမိတဲ့ ရိုဟင်ဂျာတွေက အမ်းမြို့နယ်ကနေ ထွက်လာသူတဲ့။ ရန်ကုန်ကနေတစ်ဆင့် မလေးရှားဘက်သွားမလို့ပါ။” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းမိသည့် ရိုဟင်ဂျာ ၂၇ ဦးကို ကြံခင်းမြို့မရဲစခန်း၌ ထားရှိစစ်ဆေးနေကြောင်း၊ ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလ ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာနှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စက်လှေ ပေါ်မှ ရိုဟင်ဂျာ ၇၂ ဦးကို ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

Photo- Min Min

ကြံခင်းမြို့နယ်တွင် အမျိုးသမီး ၆ ဦးအပါအဝင် ရိုဟင်ဂျာ ၂၇ ဦးဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.