မြန်မာနိုင်ငံရေးပဋိပက္ခတွေအပေါ် အမေရိကန်ရဲ့ချဉ်းကပ်မှုပုံစံ ပြောင်းလာမှာလား

ကောင်းထက်ငွေ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်လာခဲ့ရာ လက်ရှိအချိန်မှာ သုံးနှစ်ကျော်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေ သုံးနှစ်ကျော်လာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေအပေါ် အမေရိကန်အစိုးရရဲ့ချဉ်းကပ်မှုပုံစံလည်း အပြောင်းအလဲဖြစ်လာနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင် အမေရိကန်အစိုးရအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးဟာ ဇွန်လ ၂၁ ရက်နေ့က ဗီယက်နမ်နိုင်ငံကိုရောက်ရှိလာခဲ့ပြီး မြန်မာရေတပ်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစီဖိတ်ရေးရာဒုတိယဝန်ကြီး ဒန်နီရယ် ကရီတန်ဘတ်ချ်ဟာ မြန်မာရေတပ်တပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးဖြစ်သူ ကျော်လင်းဇော်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ အဲဒီအစည်းအဝေးနဲ့နီးစပ်နဲ့သူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒန်နီရယ်လ် ကရီတန်ဘတ်ချ်ဟာ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာရေတပ်တပ်မှူးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်နိုင်ငံကိုယ်စားပြုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဆူဆန် စတီဗန်ဆန်၊ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့တောင်အာရှရေးရာ ပီတာလိုဟန်တို့ တက်ရောက်ခဲ့တယ်လို့ အဲဒီကိစ္စတွေကို သိရှိထားသူတွေက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ မြန်မာရေတပ်တပ်မှူးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်ပြုပြောဆိုတာမရှိခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အစိုးရဟာ မြန်မာအစိုးရကို ဖိအားပေးနိုင်ဖို့ သံတမန်ရေးလမ်းကြောင်းအားလုံး ဖြန့်ကြတ်လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။ အဲဒီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟာလည်း မြန်မာရေတပ်တပ်မှူးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေကို အတည်ပြုတာမျိုးမရှိခဲ့ပါဘူး။

ဒါပေမယ့် အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကို ဟန့် တားမှုမရှိဘဲခွင့်ပြုပေးဖို့၊ အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးမှုတွေ ပြန်လည်ဖြစ်စေဖို့၊ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့၊ ပြည်သူတွေရဲ့ဆန္ဒကို လေးစားပေးဖို့ စတဲ့အချက်တွေနဲ့ပတ်သက်ပြီး ကန့်သတ်ထားတဲ့ ပုဂ္ဂလိကလမ်းကြောင်းတွေအပါအဝင် မြန်မာအစိုးရနဲ့ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အစည်းအဝေးနဲ့နီးစပ်သူတွေကတော့  မြန်မာရေတပ်တပ်မှူးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း တိကျတဲ့သဘောတူညီမှုမျိုးမရခဲ့ပေမယ့် အပြန်အလှန်ဆက်သွယ်ရေးလမ်းကြောင်း ပိုမိုကောင်းမွန်စေဖို့နဲ့ မကြာမီမှာထပ်မံတွေ့ဆုံဖို့ အလားလာကောင်းတွေရှိလာစေခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေတည်ငြိမ်စေဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မြန်မာစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ အမေရိကန်အစိုးရနဲ့ နီးစပ်သူတွေကပြောပါတယ်။

သတင်းအရင်းမြစ်တစ်ဦးက “ မြန်မာစစ်အစိုးရနဲ့ အမေရိကန်နိုင်ငံကြားမှာ သဘောထားအမြင်ကွဲပြားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ မြန်မာအစိုးရဟာ အမေရိကန်ဘက်ကတောင်းဆိုမှုတွေကို အပြည့်အ၀လိုက်နာဖို့ထက် တစ်စိတ်တစ်ပိုင်းသာလက်ခံဖို့ လိုလားနေတယ်။” လို့ ပြောပါတယ်။

မြန်မာရေတပ်တပ်မှူးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ် ချဉ်းကပ်မှုပုံစံ အပြောင်းအလဲတွေဖြစ်လာနေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခြင်း၊ (NUG) အပါအဝင်အစိုးရကို ဆန့်ကျင့်နေသူအုပ်စုတွေနဲ့ လူသိရှင်ကြားထိတွေ့ဆက်ဆံခြင်းတွေကို ယခင်တုန်းကလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ အာဆီယံသဘောတူညီချက်ငါးချက်နဲ့ အာဆီယံအဖွဲ့ရဲ့ဆောင်ရွက်မှုတွေကို အားပေးထောက်ခံခဲ့ပေမယ့် အာဆီယံအလှည့်ကျဥက္ကဌ သုံးဆက်ပြောင်းသွားချိန်အထိ မြန်မာ နိုင်ငံရေးပဋိပက္ခတွေကို အနည်းငယ်တိုးတက်လာအောင် ဖြေရှင်းနိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

အဆိုပါအစည်းအဝေးနဲ့နီးစပ်သူတစ်ဦးက အမေရိကန်အစိုးရဟာ  မြန်မာရေတပ်တပ်မှူးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုတွေကို လျိုဝှက်ထားတာမျိုးမရှိခဲ့သလို ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံတို့အပါအဝင် ဒေသအတွင်းနိုင်ငံတွေနဲ့ သွယ်ဝိုက်တဲ့သဘောတူညီချက်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုးဖြစ်ဖွယ်ရှိတယ်လို့ သတင်းအရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်မှုဖြစ်လာနိုင်ဖို့ အမေရိကန်အစိုးရရဲ့ တက်ကြွစွာပါဝင်ဆောင်ရွက်မှုတွေကို လက်ခံကြိုဆိုခဲ့တယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ကြီးဟာ မြန်မာအရေးကို ကြားဝင်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရခေါင်းဆောင်ကြား တွေ့ဆုံဆွေးနွေးပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအာဆီယံသဘောတူညီချက်ငါးချက် လက်တွေ့အကောင်ထည်ဖော်နိုင်မှုမှာ ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ ဘရူးနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ အာဆီယံအ လှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရဘဲဖြစ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

လက်ရှိအချိန်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ လာအိုနိုင်ငံကလည်း မြန်မာအရေးကို ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းတာမျိုးမရှိသေးပါဘူး။ အဲဒီတွေ့ဆုံဆွေးနွေးပွဲကို တရုတ်အစိုးရကလည်း ခေါင်းငြိမ့်လက်ခံခဲ့ဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့ဟာလည်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေ အဆုံးသတ်နိုင်အောင် ကြားဝင်စေ့စပ်ပေးခဲ့ပေမယ့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမဖြစ်သေးဘဲရှိနေပါတယ်။

လက်ရှိအချိန်မှာလည်း အမေရိကန်ဦးဆောင်တဲ့ ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းမှုတွေဟာ အာဆီယံအဖွဲ့ရင်ဆိုင်ခဲ့ရသလိုမျိုး အဟန့်တားတွေနဲ့တွေ့ကြုံရဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေတဲ့အဖွဲ့စည်းတွေဟာ စေ့စပ်ဆွေးနွေးရေးစတင်ဖို့ ဆန္ဒမရှိတဲ့အတွက်ဖြစ်ပါတယ်။ ထိုအ တွက်ကြောင့် အမေရိကန်အစိုးရဟာ မြန်မာအစိုးရကိုဆန့်ကျင့်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကြားရပ်တည်မှုတွေကို သံသယရှိတာမျိုးတွေ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် မြန်မာအစိုးရကလည်း ၎င်းတို့ကိုဆန့်ကျင့်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ပြန်လည်ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေရာ တိုက်ခိုက်မှုတွေလျော့ချဖို့ အမေရိကန်အစိုးရဲ့ တိုက်တွန်းတောင်းဆိုချက်တွေကို ဂရုစိုက်နားထောင်မယ့်အလားလာ နည်းဖွယ်ရှိနေပါတယ်။

မြန်မာအစိုးရဟာပြီးခဲ့တဲ့ ၉ လအတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နယ်မြေအများအပြားဆုံးရှုံးထားပေမယ့် လက်နက်ကိုင်အုပ်စုတွေကို အနိုင်ရရေးကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ကမ္ဘာမှာဖြစ်ပွားနေတဲ့စစ်ပွဲတိုင်းကို အဆုံးသတ်နိုင်အောင် စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းကတဆင့် ဆွေးနွေးဖြေရှင်းကြရာ မြေပြင်အခြေနေတွေနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးလမ်းကြောင်း အပြန်အလှန်ဖွင့်လှစ်ထားနိုင်ရေး ဒါမှမဟုတ် မြန်မာစစ်အစိုးရအဖွဲ့ အထက်ပိုင်းပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး ဟန်ချက်ညီအောင် ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။

ကောင်းထက်ငွေ

REF The Diplomat US Diplomat Reportedly Met Myanmar Naval Officer in Vietnam

https://thediplomat.com/2024/06/us-diplomat-reportedly-met-myanmar-naval-officer-in-vietnam/#:~:text=A%20senior%20U.S.%20official%20met,Affairs%2C%20met%20Kyaw%20Lin%20Zaw.

မြန်မာနိုင်ငံရေးပဋိပက္ခတွေအပေါ် အမေရိကန်ရဲ့ချဉ်းကပ်မှုပုံစံ ပြောင်းလာမှာလား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.