YPS ကတ်ဖိုးများ အဆမတန်မြင့်တက်လာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

YBS ယာဉ်စီးခပေးချေရာတွင် အသုံးပြုသည့် YPS ကတ်၏တန်ဖိုးသည် ယခင်ကထက် အဆမတန်မြင့်တက်လာကြောင်း YBS စီးခရီးသည်များ၏ ပြောပြချက်အရ သိရသည်။

ယခင်က YPS တစ်ကတ်လျှင် မြန်မာငွေ ၂၀၀၀ ကျပ်ဖြစ်ပြီး၊ ယခုအခါ တစ်ကတ်လျှင် ၉၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း သိရသည်။

“ စစချင်းတုန်းက တစ်ကတ်ကိုမှ ၂၀၀၀ ပဲရှိတယ်။ ၂၀၀၀ ကနေမှ ၄၀၀၀၊ ၄၀၀၀ ကနေ ၉၀၀၀ ကျပ်ထိတတ်လာတယ်။ ဒါတောင် ကတ်ချည်းပဲသီးသန့်။ ကတ်ထဲပိုက်ဆံမပါသေးဘူး။ ကတ်နဲ့စီးရတာအဆင်ပြေတယ်လို့ တော်တော်များများကပြောတယ်။ ဒါကြောင့်ကတ်လုပ်ဖို့မေးလိုက်တာ ဈေးကမတန်တဆဖြစ်နေတယ်။ ပြီးတော့ သူတို့ရာသီအလိုက်ထုတ်တဲ့ကတ်ရှိတယ်။ limited နဲ့ပေါ့။ သူကကျတော့ ပုံမှန်ဈေးထက် ၁၀၀၀ ပိုများတယ်။ ဒီလောက်ထိဈေးကတော့ သိပ်အဆင်မပြေဘူး။” ဟု YBS စီးခရီးသည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေခြင်းကို Asia Starmar Transport Intelligent ကုမွဏီမှ လုပ်ပိုင်ခွင့်ရရှိထားပြီး YPS ကတ်အသုံးပြုသူ ၂၃၀,၀၀၀ ကျော်ရှိကာ QR Code စနစ်အသုံးပြုသူ ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

သို့သော် ခရီးသည်အများစုသည် YPS ကတ်စနစ်ကို အသုံးပြုသူများသော်လည်း ယာဉ်လိုင်းအချို့တွင် စက်များပိတ်၍ ယာဉ်စီးခကောက်ခံခြင်းများရှိနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

YPS ကတ်ဖိုးများ အဆမတန်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.