စင်ကာပူ၊ နိုဝင်ဘာ ၂၉
ကမ္ဘာကျော်လူမူကွန်ရက်တစ်ခုဖြစ်သော TikTok သည် လူငယ်ဆယ်ကျော်သက်များအား ၎င်းတို့အက်ပလီကေးရှင်း အသုံးပြုချိန်တွင် beauty filters များအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သွားဖွယ်ရှိနေကြောင်း သိရသည်။
TikTok သည် အသက် ၁၈ နှစ်အရွယ်အောက် ကလေးငယ်များကို နှုတ်ခမ်းသားအပြင် ပါးလွှာသောမျက်နှာနှင့် အသားအရေကိုချောမွေ့စေသော အလှပဆိုင်ရာကိစ္စများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်သွားဖွယ်ရှိနေကြောင်း ဆိုသည်။
TikTok က ၎င်းတို့အနေဖြင့် အသက် ၁၈ နှစ်အောက်လူငယ်များနှင့်ပတ်သက်သော မူဝါဒများကို လာမည့်သီတင်းပတ်အတွင်း ပြောင်းလဲသွားဖွယ်ရှိနေကြောင်း ဆိုသည်။
TikTok က အက်ပလီကေးရှင်းသုံးစွဲသူများ၏ မျက်လုံးများအပါအဝင် beauty effect များကြောင့် လူအများကို သက်ရောက်မှုများရှိစေခဲ့ကြောင်း ဆိုသည်။
TikTok ၏ အဆိုပါပိတ်ပင်မှုများကြောင့် TikTok အက်ပလီကေးရှင်းသုံးစွဲသူများကြား beauty effect သုံးစွဲခြင်းများလည်း အတိုင်းအတာတစ်ရပ်အထိ သက်ရောက်မှုများရှိလာမည်ဖြစ်ကြောင်း ပြောသည်။
beauty filters သုံးစွဲခြင်းနှင့်ပတ်သက်ပြီး အသက်အရွယ်ကန့်သတ်လိုက်ခြင်းသည် အက်ပလီကေးရှင်းသုံးစွဲသူ လူငယ်များ၏ တုံ့ပြန်မှုကိုအခြေခံကာ စည်းကမ်းသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း TikTok လူမူကွန်ရက်က သတင်းထုတ်ပြန်ထားသည်။
TikTok လူမူကွန်ရက်က အသက်အရွယ်နှင့်ပတ်သက်ပြီး ဖြည့်ဆည်းရန် ပျက်ကွက်သူများကို ကမ္ဘာတဝှမ်းတွင် တစ်လကို အကောင့်အနည်းဆုံး ၆ သန်းခန့် ဖယ်ရှားနေရကြောင်းပြောသည်။
ကမ္ဘာတဝှမ်းတွင် အချို့နိုင်ငံများသည် အသက် ၁၈ နှစ်အောက်လူငယ်များအား လူမူကွန်ရက်အသုံးပြုခြင်းများ တားမြစ်ပိတ်ပင်ခြင်းကို လုပ်ဆောင်လျက်ရှိနေရာ သြစတြေးလျအစိုးရသည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် နိုင်ငံအတွင်းမှ အသက် ၁၆ နှစ်အောက်လူငယ်များကို TikTok, Instagram နှင့် Facebook စသော လူမူကွန်ရက်များ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
TikTok အသုံးပြုသူများအနက် အသက် ၁၈ နှစ်အောက်အရွယ်များကို beauty filters များသုံးခွင့် ပိတ်ပင်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်