ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံ၏ TikTok လူမူကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်း သုံးခွင့်မပြုခြင်း၊ TikTok ကို ပြန်လည်ရောင်းချရန်ဖိအားပေးခြင်း စသောဥပဒေများကို ဆိုင်းငံ့ထားရန် အမေရိကန်တရားရုံးချုပ်ကို တိုက်တွန်းလိုက်သည်။
အမေရိကန်လွှတ်တော်က တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္မဏီအနေဖြင့် TikTok ကို ဇန်နဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထားရောင်းချရမည်ဖြစ်ပြီး မရောင်းချပါက အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မည်ဆိုသော ဆုံးဖြတ်ချက်ကို ဧပြီလအတွင်းက မဲခွဲဆုံးဖြတ်ထားကြောင်း သိရသည်။
TikTok ၏မိခင်ကုမ္မဏီသည် လက်ရှီအချိန်တွင် TikTok လူမူကွန်ရက်ကိုအသုံးပြုခွင့် တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းခြင်းများအတွက် တရားရင်ဆိုင်ရန် စီစဉ်ထားပြီး တရားရုံးချုပ်ကလည်း အမှုကိုကြားနာရန် သဘောတူထားသည်။
အမေရိကန်တရားရုံးချုပ်သည် လာမည့်ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမှုကိုကြားနာမည်ဖြစ်ပြီး တရားရုံးက TikTok လူမူကွန်ရက်ကိုအသာပေးမည့် ဆုံးဖြတ်ချက်မချမှတ်ပါက ဇန်နဝါရီ ၁၉ ရက်နေ့နောက်ဆုံးထား ရောင်းချရမည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်သမ္မတအဖြစ် တရားဝင်ကျမ်းသစ္စာကျိန်ဆိုမည့် ရက်ပိုင်းအလိုတွင် ရောင်းချရမည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်က “ အဲဒီအမှုကိစ္စဟာ တစ်ဖက်မှာ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိသူတွေကြား ခက်ခဲတဲ့တင်းမာမှုတွေ ဖြစ်လာနိုင်တယ်။ အခြားတစ်ဖက်မှာတော့ နိုင်ငံခြားရေးမူဝါဒတွေ၊ လုံခြုံရေးစိုးရိမ်မှုတွေ ဖြစ်လာစေတယ်။ တရားရုံးဟာ လက်ရှိအချိန်မှာ အဲဒီအမှုကို အပြီးသတ်ဆုံးဖြတ်တာ မလုပ်သေးဘဲ ရပ်ထားစေလိုတယ်။” ဟု ပြောသည်။
TikTok သည် အမေရိကန်နိုင်ငံတွင် လူသုံးများသော လူမူကွန်ရက်တစ်ခုဖြစ်သော်လည်း အမေရိကန်အစိုးရက တရုတ်နိုင်ငံသည် TikTok ကိုအသုံးချပြီး အမေရိကန်နိုင်ငံသားများ၏ အချက်လက်များရရှိရန် ကြိုးပမ်းနေပြီး လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု စွပ်စွဲပြောဆိုထားသည်။
TikTok လူမူကွန်ရက်၏ မိခင်ကုမ္မဏီဖြစ်သော ByteDance အကြီးအကဲသည် ပြီးခဲ့သောဒီဇင်ဘာလအတွင်း ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
TikTok သုံးခွင့်မပြုခြင်းနှင့်ပတ်သက်သောအမှုကို ဆိုင်းငံထားရန် တရားရုံးချုပ်သို့ ဒေါ်နယ်ထရမ့် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်