PSLF ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမှု မအောင်မြင်သေး ဟုဆို  

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် PSLF ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးရာတွင် မအောင်မြင်သေးကြောင်း တပ်နှင်းနီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

PSLF ကိုယ်စားလှယ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးအပါအဝင် နယ်မြေဒေသငြိမ်းချမ်းရေးအတွက် မြန်မာကိုယ်စားလှယ်များနှင့် ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ပြီး ဆွေးနွေးနေခြင်းဖြစ်သည်။

“ ကနဦးသိရတဲ့ သတင်းအချက်အလက်တွေအရတော့ ဆွေးနွေးမှုကမအောင်မြင်သေးဘူး။ ဆွေးနွေးနေဆဲပေါ့။ သူတို့က နယ်မြေကိုသီးသန့်ခွဲထွက်ချင်တာ။ အဓိကအကြောင်းရင်းက အလုံးစုံပြီးမှသိရမယ်။ ဆွေးနွေးပွဲတွေကတော့ တစ်ကြိမ်တည်းနဲ့တော့ မပြီးဘူးလေ။” ဟု တပ်မတော်အရာရှိတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကူမင်းမြို့တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးဆွေးနေစဉ် တစ်ဖက်တွင် TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်ဖက်မှ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ပြီး၊ PSLF ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ကာ၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်းအပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်နေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – PSLF/TNLA

#ယနေ့ခေတ်

PSLF ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံမှု မအောင်မြင်သေး ဟုဆို   အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.