Move Forward party ကို ဖျက်သိမ်းရန်တောင်းဆိုချက်များကို ဇူလိုင် ၁၇ ရက်တွင် ဆုံးဖြတ်မည်

ဘန်ကောက်၊ ဇူလိုင် ၃

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် အတိုက်ခံပါတီဖြစ်သော Move Forward party (ရှေ့သို့ချီပါတီ)ကို ဖျက်သိမ်းရန်သင့်/မသင့်ဆိုသော ဆုံးဖြတ်ချက်ကို လာမည့် ဇူလိုင် ၁၇ ရက်နေ့တွင် ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါပါတီသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပါတီကိုဖျက်သိမ်းပေးရန် တောင်းဆိုခံရပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေခုရုံးက စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ရှေ့သို့ချီပါတီကို ဖျက်သိမ်းရန်သင့်/မသင့်ဆိုသော အပြီးသတ်ဆုံးဖြတ်ချက်ကို စက်တင်ဘာလမတိုင်ခင် ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း သိ ရသည်။

ရှေ့သို့ချီပါတီသည် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော်လည်း ထိုင်းလွှတ်တော်အတွင်းရှိ စစ်တပ်မှခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ကန့်ကွက်မှုများကြောင့်ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်ခွင့်မရခဲ့သလို အစိုးရကိုဦးဆောင်ဖွဲ့စည်းခွင့်လည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်သည် ထိုင်းရှေ့သို့ချီပါတီကို ထိုင်းဘုရင့်စနစ်အား ဝေဖန်တိုက်ခိုက်မှုများအတွက် ဖျက်သိမ်းပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မည်ဆိုလျှင် ထောင်ဒဏ်အနည်းဆုံး ၁၅ နှစ်အထိကျခံရကြောင်း သိရသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ရှေ့သို့ချီပါတီအား မဲဆွယ်စည်းရုံးရေးကာလအတွင်း ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်ခြင်းမျိုးမလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ဖူးပြီး အပြစ်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

ရှေ့သို့ချီပါတီကတော့ အမှားယွင်းတစ်စုံမလုပ်ဆောင်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တိုင်တန်းချက်များကို ဖြေရှင်းတုံ့ပြန်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရှေ့သို့ချီပါတီသည် လူငယ်များဦးဆောင်ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ထိုင်းနိုင်ငံတွင် လူကြိုက်များသောပါတီဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

Move Forward party ကို ဖျက်သိမ်းရန်တောင်းဆိုချက်များကို ဇူလိုင် ၁၇ ရက်တွင် ဆုံးဖြတ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.