ဘန်ကေက်၊ ဧပြီ ၈
မြန်မာနိုင်ငံအခြေစိုက် MAI လေကြောင်းလိုင်းသည် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချင်းမိုင်းနှင့် ဖူးခက်မြို့များသို့ လေကြောင်းခရီးစဉ်အသစ်များ ထပ်မံပြေးဆွဲပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
MAI သည် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ တစ်ပတ်လျှင် လေကြောင်းခရီးစဉ် ၅၆ ကြိမ်၊ ရန်ကုန်မြို့မှ ဖူးခက်မြို့သို့ တစ်ပတ်လျှင်နှစ်ကြိမ်၊ ရန်ကုန်မြို့မှ ချင်းမိုင်းမြို့သို့ တစ်ပတ် လျှင်သုံးကြိမ်အထိ ပျံသန်းပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
ထိုအပြင် MAI လေကြောင်းလိုင်းသည် ရန်ကုန်မြို့ နှင့် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့များတွင် လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
MAI လေကြောင်းလိုင်းသည် ATR 72-600 အမျိုးအစားလေယာဉ်များဖြင့် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် A-319s၊ A-320s၊ E-190s၊ a B733-300F နှင့် ATR 72-600 အမျိုးအစားလေယာဉ်များဖြင့် ပျံသန်းပြေးဆွဲနေသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ် ၃၀ နှင့် ပြည်ပလေကြောင်းခရီးစဉ် ၁၂ ခု ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။
MAI လေကြောင်းလိုင်းသည် ၂၀၂၄ ခုနှစ်တွင် လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေပြီး၊ နိုင်ငံပေါင်း ၁၄ နိုင်ငံအထိ လေကြောင်းခရီးစဉ် တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားခြင်းနှင့် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများလာရောက်မှု ယခင်နှစ်များထက် လျော့နည်းခဲ့ပြီး ပြည်ပလေကြောင်းခရီးစဉ်များ ပြေးဆွဲမှုလျော့နည်းခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
thethaiger.com/news
MAI သည် ထိုင်းနှင့်လေကြောင်းခရီးစဉ်များ ပိုမိုတိုးချဲ့ပျံသန်းရန် စီစဉ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်