MAI မြန်မာလေကြောင်းလိုင်းက လာမည့်လမှစတင်ပြီး ရုရှားနှင့် မြန်မာကြား တိုက် ရိုက်ပျံသန်းဖွယ်ရှိ

ရန်ကုန်၊ ဩဂုတ် ၁၂

မြန်မာလေကြောင်းလိုင်းဖြစ်သော Myanmar Airways International (MAI) သည် ရုရှားနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲမှုများကို လာမည့်စက်တင်ဘာလတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

MAI မြန်မာလေကြောင်းလိုင်းသည် လာမည့်စက်တင်ဘာ ၅ ရက်နေ့မှစတင်ပြီး ရန်ကုန်-မန္တလေး-Novosibirsk မြို့တို့ကို တိုက်ရိုက်ချိတ်ဆက်ပျံသန်းသွားမည် ဖြစ်ကြောင်း ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြထားသည်။

MAI မြန်မာလေကြောင်းလိုင်းသည် အဆိုပါခရီးစဉ်ကို စက်တင်ဘာ ၅ ရက်နေ့ မှစတင်ပြီး သီတင်းပတ်တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းပြေးဆွဲဖွယ်ရှိနေပြီး အင်္ဂါနှင့် စနေနေ့တိုင်း ပြေးဆွဲပေးဖွယ်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေး ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ရာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်အပါအဝင် ရုရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုရှိလာခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းလုပ်ရန် သို့မဟုတ် ခရီးသွားလာရန်အတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်လိုသော ရုရှားနိုင်ငံသားများသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များ မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ ကြာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရုရှားအစိုးရသည် ယူကရိန်းနှင့်လက်ရှိအချိန်တွင် စစ်ပွဲဖြစ်ပွားနေသော်လည်း မိတ်ဆွေပီသသောနိုင်ငံများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန် တည်ဆောက်လျှက်ရှိနေရာ သြဂုတ် ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံသားများကို အီလက်ထရောနစ်ဗီဇာဖြင့် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းတို့ စစ်ပွဲစတင်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတည်းက မြန်မာနိုင်ငံကိုလာရောက်ခဲ့သော ရုရှားနိုင်ငံသားအရေအတွက်သည် ယခင်ကထက် ပိုမို မြင့်တက်လာနေကြောင်း သတင်းများလည်းထွက်ပေါ် နေသည်။

ကောင်းထက်ငွေ

78.ru/news/2023-08-10

#ယနေ့ခေတ်

MAI မြန်မာလေကြောင်းလိုင်းက လာမည့်လမှစတင်ပြီး ရုရှားနှင့် မြန်မာကြား တိုက် ရိုက်ပျံသန်းဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.