International Women Championship ပြိုင်ပွဲမြန်မာအမျိုးသမီးအသင်းအနိုင်ရဗိုလ်ဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

လေးနိုင်ငံပါဝင်သည့် International Women Championship ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးအသင်းသည် နီပေါအသင်းကိုအနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုရရှိခဲ့သည်။

International Women Championship ပြိုင်ပွဲဗိုလ်လုပွဲ၌ မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်နီပေါအသင်းကို ၂ – ၀ ဖြင့်အနိုင်ယူပြီး ဆုဖလားကိုရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်နီပေါနိုင်ငံအပါအဝင် မြန်မာ၊ လက်ဘနွန်နှင့် ကာဂျစ်စတန်နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ -MFF (မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း၏ ပြိုင်ပွဲယှဉ်ပြိုင်မှုနှင့် ချန်ပီယံဆုရရှိခဲ့သည့် ပုံရိပ်များ)

#ယနေ့ခေတ်

International Women Championship ပြိုင်ပွဲမြန်မာအမျိုးသမီးအသင်းအနိုင်ရဗိုလ်ဆွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.