(ICJ) ၏ တောင်းဆိုချက်ကိုငြင်းဆန်ပြီး ရာဖယ်မြို့ကို အစ္စရေးတပ်ဖွဲ့များ ထိုးစစ်ဆင်

တဲလ်အဗစ်၊ မေ ၂၉

နိုင်ငံတကာရာဇဝတ်တရားရုံးက အစ္စရေးနိုင်ငံကို ဂါဇာဒေသအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်တောင်းဆိုထားသော်လည်း အစ္စရေးစစ်တပ်က ရာဖယ်မြို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက တားမြစ်မှုများရှိနေသည့်ကြားမှ ဂါဇာဒေသ၊ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော အစ္စရေးစစ်တပ်၏ သံချပ်ကာကားများသည် မေလ ၂၈ ရက်နေ့တွင် ရာဖယ်မြို့ရှိ Al Awda ဗလီနားကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အစ္စရေးသည် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခြင်းများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေပြီး၊ ပြီးခဲ့သောရက်ပိုင်းက အစ္စရေးစစ်တပ်၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် Tel Al-Sultan ဒေသတွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄၅ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

သို့သော်လည်း အစ္စရေးအစိုးရက အဆိုပါစွပ်စွဲမှုများကို ငြင်းဆန်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် တိကျမှုရှိပြီး၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အစ္စရေးစစ်တပ်က ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းအတွင်း ရာဖယ်မြို့ကို ညလုံးပေါက်ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာရာဇဝတ်တရားရုံးက အစ္စရေးအစိုးရ၏ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်တို့သည် အပစ်ခတ်ရပ်စဲရန် တွေ့ဆုံဆွေးနွေးမှုများ အပြီးသတ်သဘောတူညီမှုမရခဲ့သည့်အတွက် အစ္စရေးသည် စီစဉ်ထားသည့်အတိုင်း ရာဖယ်မြို့ကို မေလအစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

(ICJ) ၏ တောင်းဆိုချက်ကိုငြင်းဆန်ပြီး ရာဖယ်မြို့ကို အစ္စရေးတပ်ဖွဲ့များ ထိုးစစ်ဆင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.