တဲလ်အဗစ်၊ ဇန်နဝါရီ ၂
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံကို နိုင်ငံတကာတရားရုံးတစ်ခုဖြစ်သော ICJ တွင် တရားစွဲရန် စီစဉ်နေခြင်းများအတွက် တောင်အာဖ ရိကနိုင်ငံကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ဂါဇာဒေသကို ထိန်းချုပ်ထားသော ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်ရာတွင် သတ်မှတ်ထားသော စစ်ပွဲစည်းကမ်းများအတိုင်း တိုက်ခိုက်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်တာမျိုးမရှိကြောင်း ပြောဆိုသည်။
တောင်အာဖရိကနိုင်ငံသည် အစ္စရေးနိုင်ငံကို လူမျိုးသုန်းသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် နိုင်ငံတကာတရားရုံးတင် တရားစွဲရန်စီစဉ်နေခြင်းဖြစ်သည်။
နေတန်ရာဟုက “ ကျွန်တော်တို့အစ္စရေးနိုင်ငံဟာ ကာကွယ်တဲ့စစ်ပွဲကို ဆက်လက်လုပ်ဆောင်သွားမယ်။ တရားမျှတမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့အစ္စရေး စစ်သားတွေဟာ လူမျိုးသုန်းသတ်ဖြတ်မှုတွေကို ကြိုတင်ကြံစည်လုပ်ဆောင်တာမျိုး မရှိဘူး။ ဟားမက်စ်အဖွဲ့ကသာ လုပ်ဆောင်တာဖြစ်တယ်။ အစ္စရေးစစ်တပ်ဟာ စစ်ပွဲနဲ့ပတ် သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းသာ လုပ်ဆောင်နေတယ်။” ဟု ပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့စည်းများက စစ်ပွဲရပ်စဲရန် တောင်းဆိုနေသော်လည်း အစ္စရေးက ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်နှင့် ပြန်ပေးဆွဲထားသူအားလုံး ပြန်လွှတ်မြောက်စေရန်အတွက် ရည်ရွယ်ကြိုးပမ်းနေဆဲဖြစ်ပြီး၊ စစ်ပွဲကို ဆက်တိုက်နေကြောင်း သိရသည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီးမကြာမီ အစ္စရေးသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာပြီးနောက် မလေးရှား၊ တောင်အာဖရိကတို့က အစ္စရေးကို တရားစွဲရန် စီစဉ်လာခြင်းဖြစ်သည်။
ICJ တွင် တရားစွဲရန် စီစဉ်နေခြင်းများအတွက် တောင်အာဖရိကနိုင်ငံကို အစ္စရေးဝန်ကြီးချုပ် ဝေဖန်ပြစ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်