ICC တရားရုံးတာဝန်ရှိသူများကို ပိတ်ဆို့မှုချမှတ်ရန် အမေရိကန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

ဝါရှင်တန်၊ ဇွန် ၅

ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် စဉ်းစားနေသည့် ICC တရားရုံးတာဝန်ရှိသူများကို ပစ်မှတ်ထားပိတ်ဆို့ရန် မဲခွဲဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မေလ ၄ ရက်နေ့တွင်ကျင်းပသော အောက်လွှတ်တော်မဲခွဲဆုံးဖြတ်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်ခဲ့ရာ ICC ကို ပိတ်ဆို့မှုချမှတ်ရန် ၂၄၇ မဲ၊ ကန့်ကွက်မဲ ၁၅၅ မဲရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောသီတင်းပတ်များအတွင်း နိုင်ငံတကာရာဇဝတ်တရားရုံး ရှေ့များသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု၊ အစ္စရေးကာကွယ်ရေးဝန်ကြီးအပြင်ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ အဓိကခေါင်းဆောင်သုံးဦးကိုဖမ်းဆီးရန် အဆိုပြုတောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌက “ အစ္စရေးဝန်ကြီးချုပ်နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတို့ကို ဖမ်းဝရမ်းထုတ်မယ့် အယူဆတွေကို ကျွန်တော်တို့လက်မခံနိုင်ဘူး။ ကျွန်တော်တို့ဟာ အစ္စရေးဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်မယ်ဆိုတဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးလုပ်ရပ်တွေကို ပြန်လည်အပြစ်ပေးမယ်လို့ တုံ့ပြန်ခဲ့တယ်။” ဟု ပြောသည်။

အဆိုပါအမှုကိစ္စကို ကိုင်တွယ်သည့် နိုင်ငံတကာရာဇဝတ်တရားရုံးမှ တာဝန်ရှိသူများကို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကန့်သတ်သွားမည်ဖြစ်သလို ခွင့်ပြုထားသော ဗီဇာပြန်ရုတ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဘဏ္ဍာရေးအဖွဲ့စည်းများနှင့် ငွေကြေးလွဲပြောင်းမှုလုပ်ဆောင်ခြင်းကို ကန့်သတ်သွားမည်ဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်က ပြောသည်။

ကောင်းထက်ငွေ

bbc.com/news

ICC တရားရုံးတာဝန်ရှိသူများကို ပိတ်ဆို့မှုချမှတ်ရန် အမေရိကန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.