ICC တရားရုံးက ဂါဇာစစ်ပွဲတွင် အစ္စရေးနိုင်ငံအလုံးစုံနိုင်ပွဲကို တားဆီးနေကြောင်း အစ္စရေးဝန်ကြီးချုပ် ဆို

တဲလ်အဗစ်၊ မေ ၂၂

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် ဂါဇာဒေသစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံ အလုံးစုံနိုင်ပွဲရယူနိုင်မှုကို ရပ်တန့်ရန်တားဆီးနေကြောင်း ဝေဖန်ပြစ်တင်လိုက်သည်။

နိုင်ငံတကာရာဇဝတ်တရားရုံး ရှေ့နေတစ်ဦးသည် အစ္စရေးဝန်ကြီးချုပ်အပါအဝင် အစ္စရေးအစိုးရ တာဝန်ရှိသူများကို စစ်ရာဇဝတ်မှု ကျူးလွန်သည်ဆိုကာ ဖမ်းဝရမ်းထုတ်ရန် စီစဉ်လာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ကလည်း ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးရယူနိုင်မည့် အလားလာများရှိနေသာ်လည်း နိုင်ငံတကာရာဇဝတ်တရားရုံး၏လုပ်ရပ်က အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား သဘောတူညီမှုရယူနိုင်မည့်အခြေနေကို နှောင့်နေးဖွယ်ရှိနေကြောင်း သတိပေးထားသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲက အချိန် ၇ လကျော်ကြာမြင့်နေသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်က နိုင်ငံတကာရာဇဝတ်တရားရုံးသည် အစ္စရေးနိုင်ငံ၏ ကိုယ်ကိုယ်ကိုခုခံပိုင်ခွင့် အခွင့်ရေးကို ထိခိုက်နစ်နာစေရန် လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာရာဇဝတ် တရားရုံးအနေဖြင့် အစ္စရေးနိုင်ငံကို စီရင်ပိုင်ခွင့်မရှိကြောင်း ပြောဆိုထားသည်။

နိုင်ငံတကာရာဇဝတ်တရားရုံး၏ ဆုံးဖြတ်ချက်သည် ကမ္ဘာတဝှမ်းတွင် အစ္စရေးဆန့်ကျင့်ရေးလုပ်ရပ်များ ပိုမိုဖြစ်လာစေရန် တွန်းအားပေးနေသလိုဖြစ်နေကြောင်း အစ္စရေးဝန်ကြီး ချုပ်က ပြောသည်။

ကောင်းထက်ငွေ

rt.com/news

ICC တရားရုံးက ဂါဇာစစ်ပွဲတွင် အစ္စရေးနိုင်ငံအလုံးစုံနိုင်ပွဲကို တားဆီးနေကြောင်း အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.