G 7 ထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးဆွေးနွေးဖွယ်ရှိ

ရောမ၊ ဇွန် ၁၄

အီတလီနိုင်ငံတွင်ကျင်းပနေသော G 7 ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲတို့အပြင် မြန်မာ့အရေးကိုလည်း ဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရသည်။

အီတလီနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ကျင်းပသည့် G 7 ထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးဆွေးနွေးမည့်အစီအစဉ်သည် အစည်းအဝေးအစီစဉ်များတွင် ပါဝင်ခြင်းမရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံက အိမ်ရှင်နိုင်ငံ၏ လက်ခံသဘောတူညီမှုများဖြင့် မြန်မာအရေးကို ဆွေးနွေးဖွယ်ရှိနေကြောင်း အိန္ဒိယအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗစ်နေး ကွာထရာက “ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခက်အခဲတွေဟာ အိန္ဒိယနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်လာနေတယ်။ G 7 ထိပ်သီးအစည်းအဝေးရဲ့ အစီအစဉ်တွေထဲမှာ မြန်မာအရေးဆွေးနွေးမယ့်အစီအစဉ်မပါပေမယ့် အိမ်ရှင်နိုင်ငံကခွင့်ပြုမယ်ဆိုရင်တော့ မြန်မာအရေးကို ဆွေးနွေးဖွယ်ရှိတယ်။” ဟု ပြောသည်။

အိန္ဒိယနိုင်ငံသည် G 7 အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း အီတလီနိုင်ငံ၏ဖိတ်ကြားချက်များအရ G 7 ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း နေရပ်စွန့်ခွာနေရသူအရေအတွက် သုံးသန်းကျော်လာခဲ့ကြောင်း သိရသည်။

ဥရောပအခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော ACLED အဖွဲ့က မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အနည်းဆုံးလူပေါင်း ၄၇,၀၀၀ ကျော် သေဆုံးထားကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ACLED အဖွဲ့ကစောင့်ကြည့်နေသည့် ကမ္ဘာတဝှမ်း စစ်ပွဲပေါင်း ၅၀ စာရင်းထဲတွင် ပါဝင်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

theweek.in/news

G 7 ထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးဆွေးနွေးဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.