ရန်ကုန်၊ အောက်တိုဘာ ၁၆
EV ကား ဝယ်ယူစီးနင်းနေသူများအနေဖြင့် ပြုပြင်မွမ်းမံခြင်း၊ လဲလှယ်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်သည့်အခါ မလိုလားအပ်သည့် ဘေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည့်အတွက် မိမိတို့စိတ်ကြိုက် ပြုပြင်မွမ်းမံခြင်းများ မပြုလုပ်ရန် ကား Show Room အချို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။
အဆိုပါ EV ကားဝယ်ယူထားသည့်အခါ သက်ဆိုင်ရာ Show Room များ၏ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ လုပ်ဆောင်ကြရန် ပြည်တွင်းကား Show Room တချို့မှ ၎င်းတို့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မေတ္တာရပ်ခံထားသည်။
“ ဟိုတစ်ခါ EV ကားမီးလောင်တာကို ကြည့်ခြင်းအားဖြင့် တချို့သော ဝယ်ယူတဲ့သူတွေအနေနဲ့ ကိုယ့်စိတ်ကြိုက် မပြုပြင်ဖို့ ပြောချင်တယ်။ EV နဲ့ပတ်သက်ပြီး အခုဟာက အစပျိုး တဲ့ကာလဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာမှာရော အားနည်းနေတာတွေရှိတယ်။ ဒါကြောင့် ကိုယ့်စိတ်ကြိုက် မပြုပြင်ဖို့ ပြောချင်တယ်။ အခုပညာပေးတွေလည်း တောက် လျှောက်လုပ်နေတယ်။” ဟု EV ကားတင်သွင်းသူတစ်ဦးက ပြောသည်။
ထို့ပြင်ကားအတွက်လိုအပ်သည့် အစိတ်အပိုင်းများကို ပြင်ဆင်သည့်နေရာတွင်လည်း မူလကုမ္ပဏီက ထုတ်လုပ်သည့် Original ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုရန် တိုက်တွန်း ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်၊ ည ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁) ရပ်ကွက်၊ သခင်ဗစိန်လမ်းရှိ အိမ်ရှေ့တွင်ရပ် ထားသည့် EV ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါယာဥ် မီးလောင်မှုဖြစ်စဥ်တွင် Company ၏ မူလထုတ်လုပ်မှုပုံစံ ချို့ယွင်းချက် တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ မိမိသဘောဖြင့် ပြောင်းလဲတပ်ဆင်မှုမှတဆင့် မီးလောင်မှု ဖြစ်ပွားခြင်းသာဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြန်လည်ဖြေရှင်းထားသည်။
စုစု
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
EV ကားဝယ်သူများ မိမိတို့စိတ်ကြိုက် ပြုပြင်မွမ်းမံခြင်းများမပြုလုပ်ရန် ကား Show Room အချို့မေတ္တာရပ်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်