ရန်ကုန်၊ ဒီဇင်ဘာ ၁၈
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG အရောင်းဆိုင်များတွင် CNG လုံလောက်စွာ မဖြည့်တင်းပေးနိုင်ခြင်းကြောင့် YBS ယာဉ်များ အပြည့်မထွက်နိုင်ကြောင်း YBS ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
CNG များမရရှိခြင်းကြောင့် YBS ယာဉ်များ အပြည့်အဝမထွက်ရှိနိုင်ဘဲ ယာဉ်ရှားပါးမှုပြဿနာကို ကြုံတွေ့နေရကြောင်း ခရီးသည်များက ဆိုသည်။
“ Gas က မရဘူး။ ရုံးတတ်ရုံးဆင်းချိန်ကိုမီအောင် မနည်းထွက်ပေးနေရတယ်။ အရင်တုန်းက လေးငါးခေါက် ကားဆွဲနိုင်တယ်။ အခုက နှစ်ခေါက်လောက်ပဲ ရတော့တယ်။ ပြီးရင် Gas ပြန်တန်းစီရတယ်။ ရုံးတတ်ချိန်က အဆင်ပြေပေမယ့် ရုံးဆင်းချိန်ကို မမီတော့ဘူး။” ဟု YBS ယာဉ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ကုန်မြို့တွင်း၌ ယာဉ်အစီးရေ ၃၅၀၀ ခန့်က ခရီးသည်တစ်သန်းကျော်ကို နေ့စဉ်ဝန်ဆောင်မှုပေးနေပြီး ယခုအခါ ထက်ဝက်ခန့်နီးပါး လျော့နည်းပြေးဆွဲနေရကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့၌ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေကြောင်း လျှပ်စစ်မီးလုံလောက်စွာမရသည့်အတွက် CNG Gas များမရရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – စုစု၊ ယနေ့ခေတ်
#ယနေ့ခေတ်
CNG မရရှိခြင်းကြောင့် YBS ယာဉ်များ အပြည့်မထွက်နိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်