ဘန်ကောက်၊ ဧပြီ ၄
ထိုင်းနှင့် အိန္ဒိယတို့သည် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကို အိမ်နီးချင်းအရှေ့တောင်အာရှနှင့် ချိတ်ဆက်ပေးမည့် အဓိကအခြေခံအဆောက်အအုံစီမံကိန်းကို အရှိန်မြှင့်ရန် ကတိကဝတ်ပြုထားသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
တောင်အာရှနှင့် အရှေ့တောင်အာရှကြား ချိတ်ဆက်မှုမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာက ကြာသပတေးနေ့တွင် အစိုးရအိမ်တော်၌ ဝန် ကြီးချုပ် နာရင်ဒရာ မိုဒီနှင့်တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကိုဖြတ်သန်းသွားမည့် အိန္ဒိယအရှေ့မြောက်ပိုင်းမှစတင်သည့် ကီလိုမီတာ ၁၃၀၀ ရှည်လျားသော အဝေးပြေးလမ်းစီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်သွားရန် နှစ်နိုင်ငံသ ဘောတူညီခဲ့သည်။
ထိုင်းနိုင်ငံသည် ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးမည့် ပို့ဆောင်ရေးလမ်းကြောင်းသစ် တံတားစီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် သ ဘောတူညီခဲ့ကြောင်း ပေတုန်တန်က ပြောကြားသည်။
ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဘင်္ဂလားပင်လယ်အော်၏ အခြားနိုင်ငံများ ဆက်စပ်အစည်းအဝေးများကို ယခုသီတင်းပတ်အတွင်း ဘန်ကောက်၌ ကျင်းပလျက်ရှိသည်။ အိန္ဒိယအပြင် မြန်မာ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့မှ ခေါင်းဆောင်များ BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည်။
BIMSTEC ထိပ်သီးအစည်းအဝေးတွင် ထိုင်းနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်