AA ၏ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးသေဆုံး ဟုဆို

ဘန်ဒါဘန်၊ မေ ၁၄

ရခိုင်လက်နက်ကိုင်အဖွဲ၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော Naikhongchhari အရပ်ဒေသတစ်လျှောက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ AA ၏ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး သေဆုံးသောဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံကြားရှိ နယ်ခြားမှတ်တိုင် ၄၈ အနီးရှိ မြန်မာနိုင်ငံဘက်ခြမ်းတွင် မေလ ၁၂ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲက အတည်ပြုထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားသည် Abul Kalam အဘူကာလမ်ဆိုသူဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sadar Upazila’s Bamhatichhra အရပ်ဒေသမှဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သော ရိုင်ဟန်ကာဇီမီက အတည်ပြုပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ကုန်စည်များကို မှောင်ခိုတင်သွင်းရောင်းဝယ်ရန်အတွက် မြန်မာနယ်စပ်ဒေသကို မကြာခဏဖြတ်သန်းဝင်ရောက်လေ့ရှိနေပြီး အဘူကာလမ်နှင့်အခြားသူများသည် မြန်မာနယ်စပ်ဒေသသို့ ဖြတ်သန်းဝင်ရောက်လာခဲ့ပြီးနောက်မကြာမီ အပစ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ အကိုဖြစ်သူက ၎င်းသည်ညီဖြစ်သူ၏ရုပ်အလောင်းကို ပြန်လည်ယူဆောင်ခဲ့ရကြောင်း ထပ်မံပြောဆိုထားသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသဖြစ်သော Naikhongchhari ဒေသအနီးတွင် ပြီးခဲ့သောရက်ပိုင်းက မြေမြှုပ်မိုင်းများပေါက်ကွဲခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲနှင့် မြန်မာလုံခြုံရေးတပ်ဖွဲများကြား တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာတစ်ခုဖြစ်သော dhakatribune သတင်းဌာနက ပစ်သတ်ခံရသူသည် နွားများကို မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို မှောင်ခိုတင်သွင်းပိုဆောင်သူဖြစ်ပြီး AA အဖွဲကခေါင်းက ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကောင်းထက်ငွေ

observerbd.com/news

AA ၏ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.