၉ လအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ထား ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉

ယခုဘဏ္ဍာနှစ်၏ ကိုးလအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအား လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးနောက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်၏ သတ်မှတ်လျာထားချက် ၈၀ ရာခိုင်နှုန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

“ ဒီဘဏ္ဍာနှစ်မှာတော့ လျာထားချက်ကိုပြည့်မီမှာပါ။ တင်ပို့ရမယ့်ကာလက သုံးလတောင်ကျန်သေးတယ်။ ပင်လယ်ရေကြောင်းကနေပဲ အဓိကထားပြီးတင်ပို့နေတယ်။ လျာထားချက်ပြည့်မီအောင်တော့ လုပ်ဆောင်နေပါတယ်။” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည့်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန်လျာထားပြီး ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် တင်ပို့မှုလျော့ကျခဲ့သော်လည်း အောက်တိုဘာတွင် တန်ချိန် ၄၂၄,၇၈၄ တန် (လျာထားချက်နှစ်ဆ)၊ နိုဝင်ဘာလအတွင် တန်ချိန် ၃၃၄,၅၃၅ တန် (လျာထားချက်တစ်ဆခွဲ)၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၇,၄၉၀ တန်(လျာထားချက်တစ်ဆခွဲကျော်)အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန် ချိန် ၂ ဒသမ ၀၃၄ သန်းတငိပို့ထားပြီး အဆိုပါတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၉၄၈ သန်းရရှိထားကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

၉ လအတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်းကျော်တင်ပို့ထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.