ရန်ကုန်၊ မတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)က ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၅ အလွန် မြန်မာနိုင်ငံ၏စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြောင်း Forum on Myanmar Beyond 2025 ကို နေပြည်တော်၊ မြန်မာကွန်ဗင်းရှင်းစင်တာ(၁) (MICC I)၌ မတ် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါဖိုရမ်သို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီနိုင်ငံများမှ Experts and analysts များနှင့် ပြည်တွင်းမှပညာရှင်များက “လျင်မြန်စွာပြောင်းလဲနေသော ဗဟုဝန်ရိုးကမ္ဘာကြီးတွင် မြန်မာနိုင်ငံရင်ဆိုင်နေရသော စိန်ခေါ် မှုများနှင့် အခွင့်အလမ်းများ”ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖိုရမ်နှင့်ပတ်သက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)မှ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးကျော်လင်းဦးက “အခုလုပ်မယ့်ဟာက ၂၀၂၅ အ လွန်ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို ဆွေးနွေးမှာပေါ့နော်။ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကိုကျော်ပြီးတော့ ဆွေးနွေးလိမ့်မယ် ထင်ပါတယ်။ ၂၀၂၅ အလွန်မှာ မြန်မာနိုင်ငံဟာ ဘယ်လိုပုံစံ၊ ဘယ်လိုရပ်တည်ချက်နဲ့သွားမလဲဆိုတာကတော့ အဓိကကျလိမ့်မယ်ထင်တယ်။” ဟု ယနေ့ခေတ်သို့ ပြောကြားသည်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးတွင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့(Myanmar Narrative Think Tank)တွင် ဥက္ကဌ ဦးကိုကို(စက်မှုတက္ကသိုလ်)၊ ဒါရိုက်တာများအဖြစ် ဒေါက်တာဇော်ဦး၊ ဒေါက်တာနိုင်ဝင်းဆွေ၊ ဒေါက်တာခင်မောင်လွင်၊ ဦးကျော်လင်းဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ – myanmarnarrative.org
၂၀၂၅ အလွန် မြန်မာနိုင်ငံ၏စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြောင်း Forum on Myanmar Beyond 2025 ကို နေပြည်တော်တွင် ပြုလုပ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်