၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများတွင် စွမ်းအင်ကဏ္ဍာက အများဆုံးဖြစ်နေ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စွမ်းအင်ကဏ္ဍသည် မြန်မာနိုင်ငံသို့ ၂၀၂၃-၂၄ ခု ဘဏ္ဍာနှစ်၏ ပထမ ကိုးလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုအများဆုံး လုပ်ဆောင်နိုင်ခဲ့သော လုပ်ငန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံ့မှုနှင့် ကုမ္မဏီများညွှန်ကြားမှု ဦးစီးဌာန DICA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ့မှုများ ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၀၂ သန်းကျော်ရှိခဲ့ကြောင်း၊ DICA က ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ့မှုပမာဏာက အမေရိကန်ဒေါ်လာ ၃၇၄ သန်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ့မှုပမာဏာသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၅၈ သန်းရှိခဲ့ကြောင်း၊ သားငါးလုပ်ငန်းကဏ္ဍနှင့်ပတ်သက်ပြီး ဝင်ရောက်ခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ့မှုပမာဏာက အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၆၉ သန်းရှိခဲ့ကြောင်း သိရသည်။

ကုန်ထုတ်လုပ်ငန်းနှင့်ပတ်သက်ပြီး ဝင်ရောက်ခဲ့သော ရင်းနှီးမြှုပ်နှံ့မှုပမာဏာက အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၃၂၀ သန်း၊ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ဝင်ရောက်ခဲ့သော ရင်းနှီးမြှုပ်နှံ့မှုပမာဏာက အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်း၊ အိမ်ခြံမြေကဏ္ဍနှင့်ပတ်သက်ပြီး ဝင်ရောက်ခဲ့သောရင်းနှီးမြှုပ်နှံ့မှုပမာဏာက အမေရိကန်ဒေးလာ ၁၀ ဒသမ ၅၃၃ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍာနှင့်ပတ်သက်ပြီး ဝင်ရောက်ခဲ့သော ရင်းနှီးမြှုပ်နှံ့မှုပမာဏာက အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၀၉ သန်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများမှာ ဘရူးနိုင်း၊ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ မာရှယ်ကျွန်းစုနိုင်ငံများ၊ တောင်ကိုရီးယား၊ ဆာမာအို၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၄ ခု ဘဏ္ဍာနှစ်အတွင်း၏ ပထမ ကိုးလအတွင်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ့ခဲ့သော နိုင်ငံများစာရင်း၌ စင်ကာပူနိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး၊ တရုတ်နိုင်ငံက ဒုတိယနေရာတွင်ရှိနေခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

nationthailand.com

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများတွင် စွမ်းအင်ကဏ္ဍာက အများဆုံးဖြစ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.