၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်​ပေး

ရန်ကုန်၊ ဇွန် ၁၉

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် ရန်ကုန်(ရုံးခွဲ)၊ အမှတ်(၄/၅)၊ ပါရမီလမ်း၊ လှိုင်မြို့နယ်တို့တွင် ဇွန် ၁၇ ရက်မှစတင်ပြီး ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာ​မေးပွဲ အမှတ်စာရင်းများကို ထုတ်​ပေး​နေ​ကြောင်း ​မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှအပ ​တနင်္လာ​နေ့မှ ​သောက်ကြာ​နေ့ထိ ​နေ့စဥ် နံနက် ၁၀ နာရီမှ ​မွန်းလွဲ ၂ နာရီထိ ရုံးချိန်အတွင်း ထုတ်​ပေးလျက်ရှိ​ကြောင်း သိရသည်။

“ စ​နေနဲ့ တနင်္ဂ​နွေရုံးပိတ်ရက်​တွေမှအပ တနင်္လာ​နေ့မှ ​သောကြာ​နေ့ထိ ​နေ့စဥ် နံနက် ၁၀ နာရီက​​နေ မွန်းလွဲ ၂ နာ ရီအထိ ထုတ်​ပေးပါတယ်။ အမှတ်စာရင်းထုတ်​ပေး​နေတာပါ။ ​အောင်လက်မှတ်ထုတ်​ပေး​နေတာမဟုတ်​သေးပါ ဘူး။ အချို့က ဝိဝါဒ​တွေကွဲလွဲပြီး ​အောင်လက်မှတ်လာ​ထုတ်ကြပါတယ်။ ​​အောင်လက်မှတ်ထုတ်ရက်ကို ပြန်​ကြေညာ​ပေးပါမယ်။” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် အမှတ်စာရင်းထုတ်ပေးမှုကို အခြားနယ်မြို့များ၊ အခြားနေရာများတွင် ထုတ်ပေးမည်မဟုတ်​ကြောင်းနှင့် Online ​စနစ်ဖြင့်လည်း ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ​ဖော်ပြထားသည်။

မြင့်မြတ်အောင်မြင်

ဓာတ်ပုံ – မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

ယနေ့ခေတ်

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်​ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.