ရန်ကုန်၊ ဇန်နဝါရီ ၁၃
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း ပဋိပက္ခများအတွင်း ပါဝင်သောအစုအဖွဲ့များက လူမှုကရုဏာလုပ်သား ၁၄၂ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများအရ သိရှိရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလကုန် ပဋိပက္ခများပြင်းထန်လာကတည်းက အထူးသဖြင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြံ့ကြာမှုအဟန့်အတားများပြားသော ဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ဝင် ရောက်ကူညီခွင့်ရရှိရန် တိုက်တွန်းဆော်ဩမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း၂၀၂၃ ခုနှစ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံအတွင်း ဆက်လက် တည်ရှိ၍ ပထမ ၉ လအတွင်း လူဦးရေ ၂ ဒသမ ၈ သန်းအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ပြီး၊ နှစ်ကုန်တွင် လူဦးရေ ၃ ဒသမ ၁ သန်းကို ကူညီထောက်ပံ့နိုင်မည်ဟု မျှော်မှန်း ထားခဲ့ကြောင်း၊ သို့သော် ယင်းအကူအညီပေးအပ်မှုများသည် ရန်ပုံငွေမပြည့်မီမှုကြောင့် လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် နဂိုမူလစီစဉ်ထားသည့်အတိုင်း နက်ရှိုင်း ပြည့်ဝစွာ မဆောင်ရွက်နိုင်ပဲ ၎င်းလိုအပ်ချက် မပြည့်မီမှုများက ၂၀၂၄ ခုနှစ်အတွင်းသို့ ထပ်လောင်းပါဝင်လာခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေး ရေးအဖွဲ့က ပြောသည်။
၂၀၂၃ ခုနှစ်၊ မြန်မာလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်သည် ၂၀၂၃ ခုနှစ်အတွင်း တောင်းခံထားသောရန်ပုံငွေ၏ ၃၂ ရာခိုင်နှုန်းသာရရှိခဲ့ပြီး၊ အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့် ရန်ပုံငွေလိုအပ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်မှစတင်၍ တိုက်ပွဲများပြင်းထန်လာမှုသည် နှစ်လကျော်ကြာ ဆက်လက်တည်ရှိနေပြီး၊ ယင်းကျယ်ပြန့်လာသော တိုက်ပွဲများသည် ၂၀၂၁ ခုနှစ် အစောပိုင်း စစ်အာဏာသိမ်းယူမှုဖြစ်ပြီးကတည်းက ပမာဏအကြီးဆုံးဖြစ်သကဲ့သို့ မြေပြင်ပထဝီဝင်အနေအထားအရ အကျယ်ပြန့်ဆုံးလည်းဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြော သည်။
၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ၂ ဒသမ ၆ သန်းကျော် ထွက်ပြေးရမည်ဟု ခန့်မှန်းရပြီး၊ အောက်တိုဘာလကုန်ကစပြီး ပြင်းထန်လာသော တိုက်ပွဲများ ကြောင့် ခန့်မှန်းခြေလူပေါင်း ၆၂၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ကောင်းထက်ငွေ
reliefweb.int/report
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနေသူ ၁၄၂ ဦး ဖမ်းဆီးခံရဟု ကုလ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်