၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံသည် အာဖန်ဂန်နစ္စတန်နိုင်ငံကို ကျော်ဖြတ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ဘိန်းတန်ချိန် ၁၀၈၀ မက်ထရစ်တန် ထုတ်လုပ်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်နှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ (UNODC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာလီဘန်လက်နက်ကိုင်အဖွဲ့သည် အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်း ဘိန်းထုတ်လုပ်မှုများကို အရှိန်မြင့် ဖြိုခွင်းခဲ့ပြီးနောက် အာဖန်ဂန်နစ္စတန်နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့ကြောင်း သိရသည်။

တာလီဘန်အဖွဲ့သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ဘိန်းစိုက်ပျိုးမှုများကို ပိတ်ပင်လိုက်ပြီးနောက် အာဖန်ဂန်နစ္စတန်နိုင်ငံ၏ ဘိန်းထုတ်လုပ်မှုများက တန်ချိန် ၃၃၀ တန် လျော့ နည်းကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ နယ်နမိတ်ချင်းထိစပ်နေသော ရွှေတြိဂံနယ်မြေသည် နှစ်ပေါင်းများစွာကြာ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် တရားမဝင် လူကုန်ကူးမှု အများဆုံးဖြစ်ပွားနေသည့် ဒေသဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဘိန်းနှင့်ပတ်သက်သောစီးပွားရေးသည် ၂၀၂၂ ခုနှစ်က အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်သာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီ လျံအထိ မြင့်တက်လာနေကြောင်း (UNODC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်းတန်ချိန် ၇၉၀ မက်ထရစ်တန်သာ ထုတ်လုပ်ခဲ့သော်လည်း၊ ၂၀၂၃ ခုနှစ်တွင် ဘိန်းတန်ချိန် ၁၀၈၀ မက်ထရစ် တန် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနေရာဖြစ်နေပြီး၊ ၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ မြေဧကပေါင်း ၁၀၂,၀၅၄ ဧကတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စတင်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်က ၁၉ ဒသမ ၈ ကီလိုဂရမ်ရရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၂၉ ဒသမ ၄ ကီလိုဂရမ်ရ ရှိခဲ့ကြောင်း (UNODC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ကောင်းထက်ငွေ

thaipbsworld.com

#ယနေ့ခေတ်

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.