ဘီးလင်း၊ မေ ၂၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားတွင် မေ ၂၀ ရက်၊ နံနက် ၆ နာရီက မြေသားလမ်းလွှဲအားဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် ၁၂ ဘီးယာဉ်ပေါ် တွင် ယာဥ်မောင်းအိပ်ပျော်နေစဉ် အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ကြောင်း ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်းမှ သိရသည်။
အဆိုပါ ၁၂ ဘီးယာဥ်မောင်းသည် မေ ၁၉ ရက်၊ ညပိုင်းက ကားခေါင်းအတွင်းအိပ်ပျော်ခဲ့ပြီး တပည့်ဖြစ်သူက မေ ၂၀ ရက်၊ နံနက်ပိုင်း သွားရောက်လှုပ်နှိုးရာ အသက်မရှိတော့ခြင်းဖြစ်ကြောင်းသိရသဖြင့် ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်းအား ဆက်သွယ်အကူအညီတောင်းခံခဲ့ရကြောင်း သိရသည်။
“ ၁၂ ဘီးယာဥ်မောင်းရဲ့ တပည့်ပြောတာ။ မေ ၁၉ ရက်၊ ညပိုင်းက မြေသားလမ်းလွှဲကနေဖြတ်သန်းဖို့ ကားများတာကြောင့် ရပ်တန့်စောင့်ဆိုင်းနေတုန်း မိုးရွာတယ်တဲ့။ ၁၂ ဘီးယာဉ်မောင်းသူက ကားခေါင်းမှာအိပ်ခဲ့ပြီး၊ တပည့်ဖြစ်သူက ကားအောက်မှာအိပ်တယ်။ မနက်ကျတော့ ဆရာကိုသွားနှိုးတာ နှိုးလို့မရတော့ဘူးတဲ့။” ဟု ရှင်သန်ရေးနှင့် နာရေးကူညီမှုအ သင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ ၁၂ ဘီးယာဥ်မောင်းတွင် ပြင်ပဒဏ်ရာတစ်စုံတရာမရှိဘဲ၊ ကားအတွင်း မှန်အလုံပိတ်မိခြင်းကြောင့် အောက်စီဂျင်ပြတ်တောက်ကာ သေဆုံးရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စစ်ဆေးချက်အရသိရပြီး၊ ရုပ်အလောင်းကို ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်းယာဥ်ဖြင့် ဘီးလင်းဆေးရုံကြီး၊ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ယနေ့ခတ်
၁၂ ဘီးယာဉ်ပေါ် တွင် ယာဥ်မောင်းတစ်ဦး အောက်စီဂျင်ပြတ်ကာ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်