သထုံ၊ ဧပြီ ၁၂
မွန်ပြည်နယ်၊ သထုံမြို့၊ သာယာကုန်းကျေးရွာ၊ စက်သုံးဆီဆိုင်အနီးရှိ တံတားတွင် ဧပြီ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီက ကုန်တင် ၁၂ ဘီးကာယတစ်စီး အရှိန်လွန်ကာ လမ်းဘေးဓာတ်မီးတိုင်အား ဝင်တိုက်မိပြီး ချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပေါ်ခဲ့ကြောင်း ပီတီနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းထံက သိရသည်။
“ မွန်းလွဲ ၁ နာရီလောက်က ကုန်တင် ၁၂ ဘီးကား အရှိန်လွန်ပြီး လမ်းဘေးကဓာတ်တိုင်တွေ ဝင်တိုက်ပြီး ချောင်းအတွင်းကို ထိုးကျမှုဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းဘေးဓာတ်တိုင်တော်တော်များများ ခါးပိုင်းကျိုးသွားပါတယ်။ ယာဥ်မောင်းက ထိခိုက်ဒဏ်ရာ အနည်းကျဥ်းရရှိသွားပါတယ်။ မြေပြင်ဆေးကုသမှုပေးလိုက်ပါတယ်။” ဟု ပီတီနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ကုန်တင် ၁၂ ဘီးကားသည် အရှိန်လွန်ပြီး ချောင်းအတွင်းသို့ ထိုးဆင်းသွားပြီး ယာဉ်မောင်းဖြစ်သူက ထိခိုက်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ခြင်းကြောင့် မြေပြင်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – ပီတီနှလုံးသားလူမှုကယ်ဆယ်ရေးအသင်း
၁၂ ဘီးကာတစ်စီးအရှိန်လွန်ကာ လမ်းဘေးဓာတ်မီးတိုင်ကိုဝင်တိုက်ပြီး ချောင်းထဲထိုးကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်