ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၂၅
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အထက်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပွဲကျင်းပခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို အထက်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်တွေ့မြင်ရဖွယ်ရှိနေကြောင်း သိရသည်။
အထက်လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို ဟွန်ဆန်ဦးဆောင်နေသော ကမ္ဘောဒီးယား အာဏာရပါတီအပါအဝင် ကမ္ဘောဒီးယား နိုင်ငံရေးပါတီကြီးလေးပါတီနှင့် ပါတီငယ် နှစ်ခုတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အထက်လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၆၂ နေရာအနက် ၅၈ နေရာကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက မဲပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်း ၃၈ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့သောနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ကာ သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သူဖြစ်သည်။
အသက် ၇၁ နှစ်အရွယ်ရှိဟွန်ဆန်သည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ကမ္ဘောဒီးယားနိုင်ငံရေးလောကတွင် သြဇာလွမ်းမိုးမှုရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဟွန်ဆန်သည် လက်ရှိအချိန်တွင် အထက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူခွင့်ရရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
အောက်လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၂၅ ဦးနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိ ၁၁,၆၀၀ ကျော်သည် မဲရုံပေါင်း ၃၃ ရုံတွင် နိုင်ငံရေးပါတီများမှ အဆိုပြုထားသော ကိုယ်စား လှယ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားဘုရင်သည် ရွေးချယ်ခံရသော အထက်လွှတ်တော်ကိုယ်စားလှယ်များထဲမှနှစ်ဦးကို အထက်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်မည်ဖြစ်သလို ကမ္ဘောဒီးယားလွှတ်တော်ကလည်း အထက်လွှတ်တော်ဥက္ကဌနေရာအတွက် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
straitstimes.com/asia
၀န်ကြီးချုပ်ဟောင်း ဟွန်ဆန် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌနေရာရယူရန် ကြိုးပမ်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်